Part(13)U/Z

10.7K 442 76
                                    

Unicode

"ကိုကို"

အဝတ်အစားပြင်ဆင်ပေးတဲ့သူတွေထွက်သွားပြီးနောက်တစ်ကိုယ်စာပေါ်နိုင်သည့်မှန်ရှေ့၌ ယံရပ်နေမိ၏။
ထိုအခိျန်၌ကိုကိုဟူသောခေါ်သံနှင့်အတူ ယံခါးကတင်းတင်းကြပ်ဖက်ခံလိုက်ရ၍အစပထမတော့လန့်သွားရ၏။

ခဏကြာမှမှန်ထဲကနေတစ်ဆင့်နောက်ကျောဘက်အားဝေ့ကြည့်မိတော့သူနှင့်ဆင်တူဝတ်ဆင်ထားသည့်ပြည်ထောင်စုကိုမြင်လိုက်ရသည့်နှင့်ပြုံးလိုက်မိ၏။

"အင်း ဘာဖြစ်လို့လဲ"

ပြောလိုက်ကာမှနောက်ဘက်ကနေပြီးယံပုခုံးပေါ်ခေါင်းမှောက်ချလိုက်သူကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏။

ဝမ်းနည်းနေတာလား--ဒီကလေးဝမ်းနည်းနေတာ

"ဒီတိုင်းခဏလေးနေပေး"

ယံလှည့်ကာပွေ့ဖက်ဖို့ပြင်သည်နှင့်အလှည့်မခံဘဲခပ်တင်းတင်းဖက်ကာပြောလိုက်သည့်စကားကြောင့်လှုပ်ရှားမှုကရပ်တန့်သွားရ၏။

ပြည်ထောင်စုဝမ်းနည်းလည်းဝမ်းနည်းချင်စရာဖြစ်သည်။ဝမ်းနည်းမှုသည် စိတ်ထိခိုက်၍ဝမ်းနည်းခြင်းမိျုးရှိသလို ပျော်ရွှင်မှုကြောင့်လည်းဝမ်းနည်းခြင်းမိျုးရှိပါသည်။

14.5.2024(Tue)ဟူသောနေ့သည့်ပြည်ထောင်စုရဲ့တစ်ဦးတည်းသောအစ်မ ဆယ်လ်လီနာနာဟယ်ရီခိမ်း ၏weddingအခမ်းအနားဖြစ်သည့်အပြင် မိသားစုအရိပ်မြုံအောက်က ခွဲထွက်ကာဘဝသစ်သည့်နေတစ်နေ့ဟုဆိုရလျှင်လည်းမမှား။

နွေးထွေးလှသည့်မိသားစုမှာကြီးပြင်းခဲ့ရသည့်ကလေးတစ်ယောက်အနေနှင့် အစ္မျဖစ္သူ၏ ဘဝသစ်စတင်မှုကြောင့်ပျော်ရွှင်ရသလို ခွဲခွာရမည်ဟုသောခံစားချက်ကြောင့် မည်သို့မည်ပုံခံစားနေရလဲဆိုတာယံခံစားမိပါသည်။

ပြည်ထောင်စုကယံနှင့်အတူ3နှစ်မြန်မာပြည်မှာနေခဲ့ခြင်းကမိသားစုဝင်တွေအတွက်ဆုံးရံှုးမှုတစ်ခုမဟုတ်။အခိျန်တန်းလျှင်ကလေးကအိမ်ကိုပြန်မည်ဆိုတာအတိအကျသိ၏။

အခုခိျန်၌မူ သမီးတစ်ယောက်၊အစ်မတစ်ယောက်အားတစ်ခြားသူ၏လက်ထဲကိုလွှဲပြောင်းပေးရခြင်းသည် ဆိုင်သာဆိုင်တော့ပေမဲ့ပိုင်ဆိုင်မှုမရှိတော့ဘူးဟူသောခံစားချက်ကြောင့်ဝမ်းသာဝမ်းနည်းဖြစ်ကျမည်ဖြစ်၏။

Adopted Brother Of Union (Completed )Where stories live. Discover now