မပြယ်လေသည့် သည်နှောင်ထုံး
ဘုန်းမျက်ဖြေ လှနွယ်ဂမုန်း
ချစ်ရသည်က အသက်ထက်ဆုံး။အကယ်၍များ ဒုတိယအကြိမ်မှာလည်း မင်းရဲ့ရွေးချယ်မှုက ကိုယ်မဟုတ်ခဲ့ရင် ကိုယ်တကယ်သေလိမ့်မယ်။
- ရှင်နိုင်းခ -
လူအများစုက ငါ့ကိုတန်ဖိုးရှိတယ်လို့ထင်ကြတယ်။ တကယ်တော့ ငါက မင်းရဲ့ဂရုစိုက်မှုတွေကြား မင်းနှလုံးသားထဲမှာသာ ငါ့ကိုယ်ငါ တန်ဖိုးရှိတယ်လို့ ခံစားခဲ့ရတာပါ .. မောင်။
- ရှင်းသန့်ဘုန်းမြတ်ဟန် -
နေနေးတို့ထပ်တွေ့ကြပြန်ပါပြီ။
ဒီတစ်ခေါက်မှာလည်း နေနေးရဲ့ ကြိုးစားမှုလေးကို အသိအမှတ်ပြုပေးမယ်လို့မျှော်လင့်ပါတယ်ရှင်။
သီချင်းစာသားလေးအတွက်လည်း မူရင်းရေးသူ ဆရာ ဦးသန်းလှိုင်ကို လေးစားမှုအပြည့်နဲ့ Credit ပေးပါတယ်။"ချစ်ရသည်က အသက်ထက်ဆုံး" လေးကတော့ ငယ်ချစ်ဦးနှစ်ယောက်ဟာ ဆယ်နှစ်ကျော် ကွဲကွာသွားပြီးတဲ့နောက် ပြန်လည်တွေ့ဆုံရာကနေ အစပြုလာတဲ့ ဇာတ်လမ်းကလေးဖြစ်ပါတယ်။
ဘာကြောင့်ကွဲကွာသွားကြတာလဲ။
ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာရော တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခံစားချက်တွေရှိနေခဲ့လဲ။EX နှစ်ယောက်ရဲ့ ပေါက်ကွဲလာမယ့် အချစ်ရဲ့ အကြောင်းပြချက်တွေကို နေနေးနဲ့အတူ လိုက်ခံစားပေးကြပါအုံးရှင်။
YOU ARE READING
ချစ်ရသည်က အသက်ထက်ဆုံး
Romanceမပြယ်လေသည့် သည်နှောင်ထုံး ဘုန်းမျက်ဖြေ လှနွယ်ဂမုန်း .. ချစ်ရသည်က အသက်ထက်ဆုံး။ ရှင်းသန့်ဘုန်းမြတ်ဟန် x ရှင်နိုင်းခ