အပိုင်းတစ်။အိပ်မက်နှင့်တူသော

423 38 2
                                    


အီဟန်အိပ်ရာထတာနဲ့ ပျင်းကြောဆန့်လိုက်တယ်။သူဒီတစ်နေ့နေ့တာကိုဘယ်လိုဖြတ်သန်းရဦးမလဲမစဉ်းစားချင်။ အိပ်မက်နဲ့တူတဲ့အရာအားလုံးက သူ့ဆီမှာလာဖြစ်နေသလိုပဲ။ အီဟန်ကြားဖူးတာရှိတယ် အိပ်မက်ဆိုတာ စိတ်အစွဲကြောင့်ဖြစ်တာတဲ့။ အီဟန်အဲ့လိုတွေးမိတော့ ခပ်ဖွဖွပဲ ပြုံးမိတယ်။ မဆန်းပါဘူးလေ ကင်မ်အီဟန်ဆိုတာက သူ့ကိုပဲအမြဲတမ်း စိတ်စွဲနေခဲ့တာပဲဟာ။ အဲ့ဒီနောက်တော့ ရေမိုးချိုးပြီး ပန်းရောင်ဟူဒီလေးတစ်ထည်နဲ့ မီးခိုရောင် pant လေး တစ်ထည်ပဲဝတ်လိုက်တယ်။ အရင်ဆုံး သူ့အတွက်မနက်စာပြင်ပေးရမယ်။ အတွေးလေးနဲ့တင် ကြည်နူးလာတာကြောင့် တစ်ခါမှ မချက်ဘူးတဲ့ သူ့စွမ်းရည်တွေကို ထုတ်ပြဖို့စဉ်းစားလိုက်တယ်။ သူ့အချစ် ထယ်ဆန်းက ခုမှ အိပ်ရာထသည်ထင်ပါရဲ့။ နိုးနိုးချင်း ဆူပုတ်ပုတ်နဲ့ ပေတေတေလေး ထလာသည်မှာ သူ့အတွက် ချစ်စရာအတိ။

"ဒုံမင်းနား~ ငါမင်းအတွက် မနက်စာပြင်ပေးထားမယ်နော်"

သူ့ရဲ့ အိမ်နာမည်လေးကိုခေါ်လိုက်ရင်း အသိပေးလိုက်တော့ သူ့ဘက်က ဘာသာပြန်ရခက်တဲ့ အကြည့်တချို့ပြန်ရလာတယ်။

"ပြင်ချင်ရင်ပြင်လေ ငါက ဒီမနက် အစည်းအဝေးရှိလို့ မစားတော့ဘူး"

ဟော တွေ့လား အချစ်က အဂျစ်လေးပါဆို။ သူ့အတွက်ပြင်ပေးမယ်ဆိုခါမှ မစားတော့ဘူးတဲ့လေ။

"ရပါတယ် ငါလဲ အလုပ်သက်သာတာပေါ့ ကျေးဇူးနော် ဒုံမင်းနား။ ပြီးတော့ ငါဆေးရုံက ဒီည ot ရှိလို့ ပြန်မလာဖြစ်လောက်ဘူး။ ညစာလဲ ကိုယ့်ဟာကိုအဆင်ပြေအောင် စားတတ်တယ်မလား"

တွေ့လား ကင်မ်အီဟန်ဆိုသည်မှာ အကြောမခံတ်သည့်လူမျိုး သူအချစ်ဆုံးလူသားကိုတောင်မှ အကြောမခံပါ။

"ဟုတ်ပြီလေ"

တိုတောင်းသော စကားနဲ့သာ အဆုံးသတ်သွားသည့် သူနှင့် သူ့ရဲ့ အချစ်ရဲ့ မနက်ခင်း စကားပြောခန်း

ဆေးရုံမှာ ကင်မ်အီဟန်ဆိုသည့်လူသားမှာ နဂိုရှိရင်းစွဲအကြည်ဓာတ်ကြောင့်ရော သူ့ရဲ့ဖော်ရွေမှုကြောင့်ရော အကုန်လုံးဆီက အချစ်ခံရလို့ အဆင်ပြေနေတယ်။အင်း....သူ့ဆီကလွဲရင်ပေါ့။

Amnesia Where stories live. Discover now