ထယ်ဆန်း ဂျောင်ဝန်းတို့ဆီက ပြန်လာပြီးတော့ ဘယ်သွားရမလဲ မသိသေးဘူး။ အခုချိန်မှာ သူ့အသိစိတ်တွေ အစီအစဉ်တကျ မဖြစ်သေးဘူးလေ။ တစ်ညလုံးမအိပ်ထားတာရော ဒီမနက်လင်းကတည်းက အီဟန့်စိတ်နဲ့ ဘာမှလည်းစားမဝင်တာကြောင့် သူ လောလောဆယ် အိမ်ကိုပြန်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ အိမ်မှာ သူ့အချစ်ရဲ့ အငွေ့အသက်လေး ကျန်သေးတယ်မလား။
~~~~~~~~~~~~~~
ထယ်ဆန်း အိမ်ကိုရောက်တာနဲ့ တစ်ခုခုစားဖို့အတွက် ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ သူ့အချစ်ရဲ့ Banana milk လေးတွေ ဆီအကြည့်ရောက်သွားတယ်။ ကျောင်းသားဘဝတုန်းက တစ်ရက် တစ်ဘူးလောက် ဝယ်တိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေက တော်ရုံဖျက်ပစ်လို့မှ မရဘဲ။ နောက်ဆုံးတော့လည်း ထယ်ဆန်းဟာ ထို banana milk လေးတွေနဲ့ပဲ အားယူရတော့မည်။
"ဟယ်လို~~ အစ်ကိုဂျယ်ဟျွန်း"
ဖုန်းထဲက အက်ကွဲနေတဲ့ အသံကြောင့် ဂျယ်ဟျွန်းပင် စိတ်ပူသွားရသည်။
"အင်း...ထယ်ဆန်း မင်းဘာဖြစ်နေတာလဲ? အခုဘယ်မှာလဲ?"
"ကျွန်တော် အိမ်မှာပါ အစ်ကိုရ~~ အစ်ကို့ကို ကျွန်တော် ပြောစရာရှိတယ်သိလား? ကျွန်တော့်ကို...ကျွန်..တော့်...ကို..ဒုံဟျွန်းက ထားသွားပြီဗျ...သိလား? ပြီးတော့လေ...သူ...သူက...ကျွန်တော့်ကို...ချစ်တယ်တဲ့ဗျ...ကျွန်တော်လဲ ချစ်ကြောင်း ဘယ်လိုပြန်ပြောရမလဲ? ဖြေပါဦး...အစ်ကိုဂျယ်ဟျွန်းရယ်~~~"
ဖုန်းထဲကနေ ထယ်ဆန်းငိုနေတာ ကြားရတော့ ဂျယ်ဟျွန်း စိတ်ပူသွားသည်။ သူတို့နှစ်ယောက်ကို ဖြစ်နိုင်ရင် အရင်တုန်းကလို နေစေချင်တာ ဂျယ်ဟျွန်းတို့လို ဘေးကကြည့်နေရတဲ့သူတွေရဲ့ ဆန္ဒ။
"အစ်ကိုလာခဲ့မယ်။ အခုအိမ်မှာ အေးဆေးနားလိုက်ဦး။"
သူ့စကားတောင်မဆုံးသေးဘဲ ဖုန်းချသွားတဲ့ ထယ်ဆန်းဟာ သူ့နာကျင်မှုတွေကို တစ်ယောက်တည်းခံစားချင်နေတဲ့ပုံပါပဲ။
~~~~~~~~~~~
ဂျယ်ဟျွန်းအိမ်ထဲဝင်လာတော့ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေရင်း မျက်လုံးတွေကတော့ အငြိမ်မနေကာ တစ်နည်းပြောရရင် စိတ်မငြိမ်နေတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရသလိုပါပဲ။ ထယ်ဆန်းရဲ့ အဲ့လိုအခြမ်းကို ဂျယ်ဟျွန်း တစ်ခါမှမမြင်ဖူးပါ။ သူသိတဲ့ ထယ်ဆန်းဟာ အဆိုးရွားဆုံးအခြေအနေမှာတောင် တည်ငြိမ်စွာ ကျော်ဖြတ်နိုင်သူ ဖြစ်သည်။ ဒီကိစ္စဟာ ထယ်ဆန်းအတွက် သာမန်မဟုတ်ဘူးဆိုတာ ဂျယ်ဟျွန်း အတပ်သိသွားသည်။