Unicode
ကျွန်တော့်နာမည်က ကောင်းခန့်မင်းပါ ကျွန်တော် အ.ထ.က (၅)ကနေ ကျောင်းတစ်နှစ်ထွက်ကာ နယ်ကျောင်းမှာသွားတတ်ပြီး အရင်ကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်လို့ အ.ထ.က (၅)ကိုပြန်လာခဲ့တယ်။
"ဒီနေ့ ဆရာမတို့အခန်းကို ကျောင်းသားသစ်တစ်ဉီးရောက်ပါမယ် သားလေး ဝင်လာခဲ့လေ"
"ဟုတ်ကဲ့ဆရာ"
"သားကိုယ်သား မိတ်ဆက်ပေးပါဦး"
"သားနာမည်က ကောင်းခန့်မင်းပါ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်"
"ကဲသားလေး နောက်ဆုံးတန်းက နေရာလွတ်မှာ ထိုင်လိုက်နော်သား"
"ဟုတ်ကဲ့ တီချယ်"
"ကဲ စာအုပ်တွေထုတ်မယ် ဆရာမက English စာသင်မှာဖြစ်ပါတယ်......"
မုန့်စားဆင်းချိန်သို့ရောက်သော်
"ဟဲ့ အခန့် နင်က ပြန်လာသေးတယ်ပေါ့"
"ဟိုကို အစကတည်းက မပြောင်းချင်တာလေ အခုပြန်လာရတာပဲ ဘာမှမထူးဘူး"
"အေးလေ မတွေ့တာကြာတော့ ဝလာသလိုပဲ"
"အေး ငါတော်တော်ဝလာတာ ပိုင်လေးရဲ့"
"ဟယ် ငါ့နာမည်ကို မှတ်မိတယ်ပေါ့"
"မသာမရယ် မမှတ်မိပဲနေမလား လင်ရပြီလားအခု"
"မရသေးပါဘူးအေ အဲ့ကောင်မလား လင်ရမှာ"
"ဟဲ့ဟဲ့ နင်အဲ့လိုမပြောနဲ့ မောင်က တအားချစ်တာ"
"မောင်? ဘယ်ကမောင်လဲ အကုန်အသက်တူတူတွေပဲကို"
"အေးဟုတ်တယ် အဲ့ကောင်လေးက အခု ပိုင်နဲ့ တူတူထိုင်နေတယ်လေ ပိုင့်ဘေးနားမှာထိုင်နေတယ် ဟိုမှာဟိုမှာ ဖြူဖြူလေးနဲ့တွေ့လား"
"Omm ချစ်စရာလေးပဲ နင့်မောင်ပေါ့"
"ဘယ်ကသာအေ ဟိုတစ်ယောက်လိုပဲ ကြိတ်ကြိုက်"
"ပြောပြရဦးမယ် သူကလေ သူ့ကြွက်သားတွေကိုလဲ ပေးကိုင်တယ် မုန့်တွေလဲ တူတူစားတယ် ထမင်းစားရင်လဲ ဟင်းတွေထည့်ပေးတယ်"
"အော်အေးပါ နင်ပျော်ရင်ပြီးရော"
"ငါပြောပြဦးမယ် အဲ့ကောင်လေးက နင်ဒီကျောင်းကပြောင်းသွားတယ့် နှစ်မှာမှရောက်တာ မောင်ရေ လာပါဦး"