chapter 3

4 2 0
                                    

Unicode

"ကဲသား အမေ့ရှေ့မှာ ငြင်းမကောင်းဘူးနော်"

"အွန်းပါ ငါလက်ခံတယ် ဒါပေမယ့် ကျောင်းမှာ ပေါ်တင်ကြီး မလုပ်နဲ့နော်"

"အွန်း ငါလဲမင်းကို ချစ်တယ်"

"တကယ်လား မင်းသေချာတယ်နော်"

"အေး မင်းတစ်ခုတော့ ကတိပေးရမယ် ကျောင်းက ဘယ်သူမှပေးမသိရဘူး"

"ဟာ ဘာလို့လဲ"

"ငါတို့က နောက်ဆုံးနှစ်လေကွာ ပြီးတော့ ငါနဲ့ မတည့်ကြတာကလဲ များတယ်"

"အွန်းပါ ဘယ်သူမှမပြောဘူး"

    နောက်နေ့မနက်ကျ ‌မင်းသူရရဲ့အမေက ကျွန်တော့်အဖေနဲ့‌တွေ့မယ်ဆိုပြီး အိမ်ထိ လိုက်ပို့ပေးကြပါ‌တယ်။အဲ့‌နေ့ ဖြစ်ချင်တော့ အိမ်မှာ အဖေနဲ့အမေရန်ဖြစ်‌နေကြရော။

"အမေ အမေဘယ်တုန်းက ပြန်ရောက်တာလဲ"

"သား အမေ့ကို အများကြီး မမေးပါနဲ့ ရော့ ဒါသားအထုပ် သားသွားတော့"

"ဗျာ"

"ခင်မူယာ အမဘယ်လိုလုပ် ရောက်လာတာလဲ"

"မုဒြာ..."

"ခင်မူယာ ညီမရဲ့သားလေးကို စောင့်ရှောက်ပေးပါ အလေးအနက် တောင်းပန်ပါတယ်"

"ရပါတယ် မုဒြာ အမစောင့်ရှောက်ပေးပါ့မယ်"

   ကျွန်တော်တို့ အခုမှရောက်တာ အမေအဲ့လိုပြောတော့ ကျွန်တော်နဲ့ မင်းသူရ ၂ယောက်လုံး ကြောင်သွားတာ တကယ်ပါ။ ထိုအချိန် အိမ်ထဲက အသံအကျယ်ကြီး တစ်ခုကို ကြားလိုက်တယ်။

"ကောင်း ခန့် မင်း မင်းသွားရဲသွားကြည့် မင်းအမေ ဘာဖြစ်မလဲ သိတယ်မှတ်လား"

"မင်းတို့ပြန်ကြပါတော့ တောင်းပန်ပါတယ်"

"အမေ သားကျ နှင်လွတ်ပြီးတော့ အမေကျတော့ကော ဘယ်မှာသွားနေမှာလဲ"

"အမေက ရတယ် သားသာသွားပါတော့ သားကို နှိပ်စက်နေတာ အမေမကြည့်နိုင်ဘူး ငါ့သားရယ် အန်တီ့ရဲ့သားကိုစောင့်ရှောက်ပေးပါနော် ကောင်းခန့်မင်း သွားပါ‌တော့"

"မသွားဘူး"

"ခင်မူယာ ညီမ အမကို နောက်ဆုံးတစ်ခုလောက် အကူအညီတောင်းပရစေ ကျွန်မသားလေးကို စောင့်ရှောက်ပေးထားပါ အမရယ်"

States Of Love Where stories live. Discover now