၁၂

1.4K 101 1
                                    

ဒယ်ဒီက သူ့အား မေမေနှင့်သိပ်တူတာလို့ပြောရင်းဆွေးဆွေးသွားရသည့်မျက်ဝန်းများကို မြင့်မိုရ်မြိုင်ဆိုသည့် သူမ ရင်မဆိုင်ချင်။ ထိုအချင်းအရာကြောင့်ပဲ မြိုင်စံအိမ်တော်မှာ ဒယ်ဒီပြီးလျှင် မုဒြာမြိုင်၏သြဇာအာဏာကအကြီးဆုံးဆိုပေသည့် မြင့်မိုရ်မြိုင်၏ နှုတ်စကားတစ်ခွန်းကပိုသက်ရောက်မှုရှိသည်။

ဒယ်ဒီက မမကိုငယ်စဥ်ကထဲက သူ့ရဲ့ရာထူးနေရာကိုဆက်ခံဖို့ရွေးချယ်ထားခဲ့ပြီးပြီဖြစ်ကြောင်း သူအရွယ်ရောက်လာသာ်နှင့်အမျှပိုပြီးသိလာခဲ့သည်။ ဒါပေမဲ့ မမကော ဒယ်ဒီကောနှစ်ယောက်စလုံးမှာ သူ့အား ထိုလုပ်ငန်းများနှင့်ဝေးရာ၌သာထားပြီး အတက်ပညာရပ်တစ်ခုကိုသာကြိုးစားသင်ယူစေသည်။ မမသူနှင့်အတူရေကူးလျှင် ဘာကြောင့်သူကဲ့သို့ရေကူးဝတ်စုံမဝတ်ရသည့်အကြောင်းအား မိုရ် အသက်၁၀နှစ်အရွယ်မှာသိရှိခဲ့သည်။ ထိုအချိန်မှာ မမက ၁၉နှစ်။ မမအဝတ်အစားလဲနေတုန်းမြင်လိုက်ရသည့်မမရဲ့နောက်ကျောဘက်ကမြင်ကွင်းကြောင့်မိုရ်လေးဟာ ထိုချောင်းကြည့်နေမိသည့်နေရာမှနေပါးစပ်ကိုလက်နှင့်ပိတ်ကာအသံတိတ်ထွက်သွားမိဖူးသည်။၁၉နှစ်။ မမအဝတ်အစားလဲနေတုန်းမြင်လိုက်ရသည့်မမရဲ့နောက်ကျောဘက်ကမြင်ကွင်းကြောင့်မိုရ်လေးဟာ ထိုချောင်းကြည့်နေမိသည့်နေရာမှနေပါးစပ်ကိုလက်နှင့်ပိတ်ကာအသံတိတ်ထွက်သွားမိဖူးသည်။

မမ ကသူ့အားတအားအလိုလိုက်သည်ဆိုတာကိုမိုရ်ခံစားမိသည်။ ကျောင်းကပြန်လာတိုင်း ရူးဖိနပ်ကြိုးအားကိုယ်တိုင်ချွတ်ပေးသည်အထိပါပဲ။ မျက်လုံးလေးတစ်ချက်ဝေ့လိုက်ယုံဖြင့် အားလုံးငြိမ်ကျသွားအောင်လုပ်နိုင်သည့်မမက မိုရ်လေး အပြင်းဖျားကာနေမကောင်းဖြစ်နေတုန်းကဆောက်တည်ရာမရဖြစ်နေခဲ့ကာ မုဒြာမြိုင်၏ပုံစံပျောက်ကွယ်သွားသည်အထိလေ။

တရက်အိမ်ကိုခလေးမလေးတစ်ယောက်ရောက်လာခဲ့တာလေ။ နှင်းရတုလို့နာမည်ရတဲ့ကောင်မလေ။ သူမထပ် ၁ နှစ်ပဲငယ်ပေမဲ့ သူမလိုတော့ဘဝကရွှေဘုံစံနေရသည်မဟုတ်ခဲ့သည့်ကောင်မလေး။ ပေတိပေစုတ်ကောင်မလေး။ ထိုအချိန်တုန်းက မိုရ်နှင့်မတော်သည့် မိုရ်မဝတ်ချင်တော့သည့်အဝတ်အစားများကို ထိုကောင်မလေးကို မမ ပေးပစ်တုန်းက မိုရ်အကြီးအကျယ်စိတ်ဆိုးဖူးသည်။ မြင့်မိုရ်မြိုင်က သူပိုင်သည့်ပစ္စည်း သူ့ဥစ္စာဟုသက်မှတ်ပြီးကာမှ သူတစ်ပါလက်ထဲရောက်သွားလျှင် မနှစ်မြို့တက်တာကိုထိုအချိန်ကထဲကသဘောပေါက်သိလိုက်ရသည်လေ။

မူပိုင်ခွင့်ပုဒ်မWhere stories live. Discover now