Chapter 0

126 10 2
                                    

လေတစ်ဖြူးဖြူးတိုက်ပြီး ငှက်တွေကြူသံတစ်ကျီကျီမြည်နေတဲ့ ညနေခင်းမှာ လမ်းသွယ်လေးတစ်ခုပေါ်မှာ အထက်တန်းကျောင်းဝတ်စုံနဲ့ ပုခုံးတစ်ဖက်မှာ လွယ်အိတ်ချိတ်ဆွဲထားတဲ့ ကောင်းလေးတစ်ယောက်က ဝင်လုဝင်ခင် နေမင်းကြီးနဲ့ နေမင်းကြီးရဲ့ပုံရိပ်ပေါ်နေတဲ့ မြစ်တစ်စင်းကိုဘေးတိုက်ထားပြီး ဆယ်ကျော်သက် ကောင်လေးတစ်ယောက်လျှောက်လာခဲ့တယ်။ဆည်းဆာရောင် လိမ္မော်ရောင်အလင်းက ကောင်လေးရဲ့ ကိုယ်တစ်ခုလုံးအပေါ်ဖြာကျနေသဖြင့် ကောင်လေးရဲ့ ဖြူဖွေးတဲ့အသားရေကိုတောက်ပနေစေတယ်။ လေအဝှေ့မှာ နေရောင်ကြောင့် အညိုဖျော့ရောင်သန်းနေတဲ့ဆံပင်တွေကဝှေ့ယမ်းသွားပြီး ကောင်လေးရဲ့မျက်လုံးကိုဖုံးအုပ်သွားစေခဲ့တယ်။ ဖြူသွယ်လျတဲ့လက်တစ်ဖက်က မျက်လုံးမှာဖုံးနေတဲ့ဆံပင်တွေကိုသပ်တင်လိုက်တဲ့အခါ ညိုဖျော့ရောင်သန်းနေတဲ့လှပတဲ့မျက်လုံးတစ်စုံကထွက်ပေါ်လာခဲ့တယ်။

''ရှင်းလန်! ရှင်းလန်!! ''

နောက်ကအော်ခေါ်တဲ့အသံကြောင့်ကောင်လေးကရပ်လိုက်ပြီးနောက်ကိုလှည့်လိုက်တယ်။

''ငါ့တောင်မစောင့်ဘဲ ဘယ်လိုလုပ်ပြီးသွားလိုက်ရတာလဲ။ ''

''စောင့်ရမှာပျင်းလို့''

''သစ္စာမရှိချက်  ခွေးကောင်''

ရှင်းလန်ဘာမှပြန်မပြောဘဲတစ်ဖက်လှည့်ပြီးဆက်သွားလိုက်တယ်။ နောက်ကသာ့ဟောက်ကတော့ပေါက်ပေါက်ဖောက်ပြီးဆက်လိုက်လာခဲ့တယ်။
ပုံမှန်ဆို သူ့ကိုတစ်ချက်လောက်တွယ်ပစ်လိုက်မှာဆိုပေမယ့် ဒီနေ့ရှင်းလန်စိတ်အခြေအနေမကောင်းပါ။ ဒါကြောင့် ဘာမှပြန်ပြောချင်စိတ်မှမရှိဘူးဖြစ်နေ၏။

မနေ့ကတည်းကနေသူ့စိတ်အခြေအနေကမကောင်းတဲ့ဘက်မှာရှိနေခဲ့တာ။ အခုထိပြန်မကောင်းလာနိုင်သေးပါ။ မနက်ကျ ရင်သူဒီမြို့ငယ်လေးကနေထွက်သွားရတော့မှာ။ ရှင်းလန်ကအခုအဘိုးအဘွားတွေနဲ့နေနေတာ။ဟိုးငယ်ငယ်ကနေ   အခုသူဒီအရွယ်ရောက်တဲ့အထိဘဲ။ သူသိတတ်စကတည်းက သူ့မှာမိဘမရှိဘဲ အဘိုးအဘွားနဲ့နေလာခဲ့တာ။ အခုကျမှဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့အဖေတစ်ယောက်ပေါ်လာပြီး သူ့ကိုလာခေါ်မှာတဲ့။ တကယ်တော့ရှင်းလန်အမေက မြို့ငယ်ကနေ မြို့ကြီးပြကြီးဆီအလုပ်သွားလုပ်တုန်း သူဌေးနဲ့မှားမိပြီး သူ့ကိုရခဲ့တာ။ ရှင်းလန်ကိုဖျက်ချလို့ရပေမယ့် မဖျက်ချဘဲ ကလေးမွေးဖို့ဆိုပြီး အလုပ်ထွက် ခြေရာဖျောက် ပြီးတော့ သူ့ရဲ့ဇာတိမြို့ငယ်လေးပြန်လာခဲ့တာ။ ဒီမှာဘဲ ကလေးမွေးပြီး ခေါင်းချသွားခဲ့တယ်။  သူမကသူလူမှန်းသိတတ်စအရွယ်မတိုင်ခင်ကဆုံးသွားတော့ သူမအကြောင်းသိပ်မသိသလို သူမကိုလည်းမမှတ်မိဘူး။ သူ့အတွက်ဒီမှာကအရာအားလုံးအဆင်ပြေတယ်။ မိဘမေတ္တာငတ်တတ်တဲ့ ကလေးအရွယ်လည်းမဟုတ်တော့ အဖေဆိုတဲ့အပေါ်မမျှော်လင့်ထားဘူး။ ဒါပေမယ့်သူကအဘိုးအဘွားတွေဘက်ကိုစဥ်းစားပေးရအုံးမယ်။ ဒီအရွယ်ထိရောက်အောင်ပျိုးထောင်ပေးဖို့ အဘိုးတို့​အတွက်တကယ်ကိုမလွယ်ခဲ့တာမို့ သူအဘိုးတို့အပေါ်ဝန်ပိစေလို့မဖြစ်ဘူးလေ။ ဒီတော့ အဘိုးတို့ လာမေးတဲ့ညကသူလိုက်သွားချင်တယ်လို့ဖြေခဲ့တာ။ သူနည်းနည်းတော့ အဘိုးအဘွားအပေါ် သိတတ်ရအုံးမှာမလား။ တကယ်တော့သူမသွားချင်တာမဟုတ်ပေမယ့် အဲဒီနေရာအကြောင်းသူမသိသလို နှစ်၂၀နီးပါး မတွေ့ဖူးတဲ့ဖခင်အပေါ်ဘယ်လိုဆက်ဆံရမလဲဆိုတာသူနည်းနည်းလေးမှမသိပါ။ သူ့အတွက်ဒါကအနှောင့်အယှက်ဖြစ်နေခဲ့တယ်။ ဒါတွေးပြီး  စောက်ကျိုးနည်းသူနည်းနည်းလေးမှမပျော်နိုင်နေဘူးလို့။

ထွက်သွားစမ်း! ငါကအချစ်တော်တွေလိုနေတဲ့ပုံပေါက်နေလားWhere stories live. Discover now