Unicode
ဒီနေ့ကနေသာတဲ့နေ့တစ်နေ့ဘဲ။
ရှင်းလန်ရာသီဥတုကိုတစ်ချက်ကြည့်လိုက်ပြီး ခြံထဲကဥယျာဥ်ထဲသွားပြီး စာအုပ်ဖတ်ဖို့ ထွက်လာလိုက်သည်။
သူ့အခန်းထဲကနေအပြင်ထွက်ကာ အောက်ထပ်ဆင်းလာတော့ အိမ်ပေါက်ဝတွင်အိမ်တော်ထိန်းကြီးနှင့်တွေ့သည်။''ဒုသခင်လေး အပြင်သွားမလို့လား?''
''ဥယျာဥ်ထဲကိုခဏသွားပြီး စာအုပ်ဖတ်မလို့ပါ။
ဘာကိစ္စများရှိလို့လဲ အိမ်တော်ထိန်း''''နေ့လည်ကျ သခင်ကြီးရောက်လာမှာ။ ထမင်းဝိုင်းမှာ အကုန်လုံးစုံနေဖို့လိုပါတယ် သခင်ငယ်လေး''
''ကျွန်တော်သိပြီ။ နေ့လည်ကျလာခဲ့ပါ့မယ်။''
ရှင်းလန် အိမ်တော်ထိန်းကြီးကိုပြောပြီးတာနှင့်ထွက်လာခဲ့လိုက်တော့သည်။ သူဒီပိုရောက်တာ တစ်ပတ်ရှိပြီဖြစ်သည်။ သူ့အဖေဆိုသူကတော့ သူ့နှင့်တွေ့ပြီး နောက်နေ့တွင်ပင် အလုပ်ကိစ္စဖြင့် ခရီးထွက်သွားသည်မှာ ဒီနေ့ထိပင်ပြန်မရောက်လာသေးပါ။ လူအိုကြီးကတော့ရှေ့နှစ်ရက်ကပင် သူငယ်ချင်းများနှင့်အတူ ငါးဖမ်းသွားမည်ဆိုပြီး မွေးစားထားသည့်ကျန်းချောင်ပါ လိုက်သွားသည်။ အိမ်မှာ ကျန်းချန်ယွီ နှင့် နှစ်ယောက်တည်းကျန်ခဲ့သည်။ ကျန်းချန်ယွီရှိချိန်ဆိုသူအပြင်မထွက် အခန်းထဲမှာသာနေသည်။ ကျန်းချန်ယွီ သည်လည်းအိမ်မကပ်သည်ကများသည်မို့သူတို့မတွေ့ဖြစ်ကြ။
ဒီတစ်ပတ်အတွင်း သူဒီအိမ်ထဲမှာနေသားကျနေပြီလို့ပြောလို့ရပြီပင်။ အဓိက ကတော့ဘယ်သူနှင့်မှမဆက်ဆံရလို့ဖြစ်မည်။ အိမ်ရှိအလုပ်သမားအချို့နှင့် အိမ်တော်ထိန်းကြီးနှင့်သာပြောဆိုဖြစ်သည်လေ။ နေ့လည်ကျ လူအိုကြီးပြန်လာတော့မည်။ လူအိုကြီးနှင့်ပတ်သက်ပြီးတော့ မိတ်ဆက်တဲ့နေ့ကတည်းကနေ အခုထိ အလိုက်အထိုက်ဆက်ဆံသည်။ မတင်းမမာအနေအထားဖြင့် စကားပြောရင်လည်း ရင်းနှီးတာလည်းမဟုတ် သူစိမ်းဆန်တာလည်းမဟုတ်တဲ့အနေအထားမျိုးနှင့် ပြောဆိုသည်။ မြေခွေးအိုကြီးလိုပင်။ လှည့်ကွက်တွေနှင့် သားကောင်ဖမ်းဖို့စောင့်နေသလိုမျိုးခံစားရစေသည်။
YOU ARE READING
ထွက်သွားစမ်း! ငါကအချစ်တော်တွေလိုနေတဲ့ပုံပေါက်နေလား
Romanceရှင်းလန်ဟာ သူ့ကျောင်းကနေအိမ်ပြန်တဲ့လမ်းမှာ cloverပင်လေးတစ်ပင်ပေါက်နေတာတွေ့ရလို့ ခူးဖို့လုပ်လိုက်တယ်တဲ့။ အဲအချိန်ဘယ်ကနေဘယ်လိုဖြစ်မှန်းမသိ ကောင်းကင်ထက်က နေရောင်ဟာသူ့အပေါ်ကျလာပြီး သူ့ကိုအသိတရားဝင်စေသတဲ့။ သူနေနေတဲ့ကမ္ဘာဟာစာအုပ်ကမ္ဘာဖြစ်ပြီး သူဟာဗီလိန်အန...