𖹭 Be my Bussiness Partner !

32 5 4
                                    

"ရား ဂျောင်ဝန်းနူးရှီး ! ဒီအပတ်ပိတ်ရက်မှာ ခင်ဗျား အခန်းရှင်းရမှာကို မသိချင်ယောင်ဆောင်ပြီး အိပ်ပြန်ပြီလား? "

" ထတော့ နေဖင်ထိုးနေပြီ ! ထတော့လို့ ဂျောင်ဝန်းနူးရှီး ! "

အခန်းတံခါးကို အဆက်မပြတ်ခေါက်နေတာအပြင်
ခန့်ညားလှပါသော ခုနှစ်ချီသံကြီးဖြင့် အော်နှိုးနေသောကြောင့် ဝန်းနူးတစ်ယောက် လန့်နိုးလာခဲ့ရတော့သည် ။ ဂျောင်ဝန်းနူး၏ ရှားပါးပိတ်ရက်လေးကတော့ ဤသို့ ဤနှယ့်ပင်စတင်ခဲ့တော့သည် ။

ITမေဂျာ နောက်ဆုံးနှစ်တက်နေသည့်ဝန်းနူးက
ဒီနှစ်မှာတော့ အရင်နှစ်တွေကလို ကျောင်းချည်း တက်ပြီး မိဘငွေကို ဖြုန်းနေသည်မဟုတ်ပဲ
ကျောင်းတစ်ဖက် part timeအလုပ် တစ်ဖက်နှင့်မို့ နားရက်က ရှားပါးလှသည် ။
မနေ့ညကတော့ ကျောင်းပိတ်ရက်ဖြစ်သည့်အပြင် part timeလုပ်နေသော cafeမှလည်း
ရှားရှားပါးပါးပိတ်ရက်ကလေး ရသောကြောင့်
တစ်ညလုံး gameဆော့ရင်းနဲ့ မနက်၄နာရီထိုးမှ အိပ်ပျော်သွားတော့သည်လေ ။

"ခင်ဗျားညဘက်ကြီး gameတွေ
ဆော့ပြန်ပြီ မလား! လူကြည့်တော့
ဖြူဖျော့နေပြီကို ကျန်းမာရေးမကောင်းတာတွေချည်း ရွေးလုပ်နေတယ် ...
ထတော့ အခုထတော့လို့ ဂျောင်ဝန်းနူး "

"အေး အေး ထပြီလို့ ၊ ထပြီ ထပြီ။ "

အဆက်မပြတ်တံခါးခေါက်ရင်း
ဆူပူကာနှိုးနေသည်မို့ ဝန်နူးနိုးနေပြီဖြစ်ကြောင်း အသံခပ်ဆတ်ဆတ်လေးဖြင့် ပြန်အော်ရင်း
ပြောလိုက်ရသည် ။

နို့မို့ဆို တစ်မိုးအောက် တစ်ယောက်မှာ
အသံအောင်လှသည့် ကင်မ်မင်ဂယူအသံကြောင့် ဘေးအခန်းများက မေတ္တာပို့ကြတော့မည်လေ ။

" ဘယ်လိုကောင်လေးလဲ မသိပါဘူး
ငါ့ကျန်းမာရေးကို သူကပဲ အမြဲပူပူပင်ပင်နဲ့
အဖေကြီးကျနာ "

အသိပေးပြီသည်နှင့် ခပ်တိုးတိုးလေး
မျက်နှာရှုံကာ ရေရွတ်မိလေတော့ ...

" ပွစိပွစိနဲ့ မကောင်းကြောင်း မပြောနေနဲ့ အမြန်ထ ၊ ထမင်းစား စားပွဲမှာ မနက်စာပြင်ထားတယ်
အိမ်သန့်ရှင်းရေး မလုပ်ခင် စားလိုက်ဦးနော် ..
ကျွန်တော် အချိန်ပိုင်းအလုပ်သွားဦးမယ် "

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

𖹭 Be my Business Partner !Where stories live. Discover now