Ep1(နောက်ကြောင်းပြန်/နော့ရက်သေဆုံးခြင်း)

10 1 0
                                    

စည်းချက်ညီညီနဲ့ခရာမှုတ်သံတွေဆူညံလျက်နဲ့ကျောင်းအသီးသီးမှကျောင်းသားများဟာလဲသူတို့ကျောင်းရဲ့ကိုယ်စားပြုကျောင်းသားအသီးသီးကိုအားပေးနေကြသည်။

ပွဲကြည့်စင်အောက်မှ
စစ်ဒရစ်ဒီဂိုရီ က ဟော့ဝက်ကျောင်းကိုယ်စားပြုအနေနဲ့ကျော့မော့စွာထွက်လာခဲ့သည်။
ပွဲကြည့်စင်မှအမျိုးသမီးထုကြီးဟာလဲအသံကုန်စစ်ဒရစ်နာမည်ကိုအော်ဟစ်နေသည်။
ထိုနောက်စစ်ဒရစ်ဟာအရပ်ရှည်ကြောင်း၊ချောကြောင်း၊ကြင်နာတက်ကြောင်း စကားပြောသံများတိုးတိုးနှင့်ထွက်လာခဲ့သည်။

(နောက်ပိုင်း စစ်ဒရစ်ပဲရေးမယ်နော်ချစ်တို့)

နောက်တွင် ဘောရ်ဘာတန် ကျောင်းကိုယ်စားပြုမိန်းမလှလေး
ဖလဲယားဒလီလ်ကိုးလ် ၊ဒရမ််စရိန်းကျောင်းကိုယ်စားပြု လူထွားကြီး
ဗစ်တာခရမ် နှင့် နောက်ထပ် ဟော့ဝက်ကျောင်းကိုယ်စားပြု ဟယ်ရီပေါ်တာ တို့ဟာ နေရာအသီးသီးယူပြီး ဟော့ဝက်ကျောင်းအုပ်ကြီး
ဒမ်ဘမ်ဒို စကားပြောနေသည်ကိုစောင့်စိုင်းနားဆင်နေကြသည်။

ဒီနှစ်တွင်ဟော့ဝက်ကျောင်းမှ အိမ်ရှင်အဖြစ်နှင့်မှော်ဆရာသုံးယောက်ပြိုင်ပွဲကိုကျင်းပရသည်။
မှော်ဆရာသုံးယောက်ပြိုင်ပွဲဟာခေတ်အစဥ်အဆက် မှော်လောက၏နာမည်ကြီးကျောင်းသုံးကျောင်းဖြစ်တဲ့ ဟော့ဝက်၊ဘောရ်ဘာတန်၊ဒရမ်စရိန်း ကျောင်းသုံးကျောင်းကကိုယ်စားပြုရွေးချယ်ခံရသည့်အသက်၁၇ပြည့်ပြီးသားကျောင်းသားသုံးယောက်ယှဥ်ပြိုင်သောပွဲဖြစ်သည်။

ဒီနှစ်တွင် ထူးဆန်းစွာ ဟော့ဝက်ကျောင်းမှကိုယ်စားပြုနှစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် စစ်ဒရစ်အပြင် အသက်၁၇မပြည့်သေးသည့်
ဟယ်ရီ ကပါဟော့ဝက်ကျောင်းကိုယ်စားပြုအဖြစ်ဝင်ပြိုင်ရသည်ည်။

ကျောင်းအုပ်ကြီးဟာ သူ၏မှော်ကြိမ်လုံးကို သူ့လည်ပင်းတွင်ပြန်ထောက်ပြီး မှော်အစီယဥ်နှင့်အသံကျယ်အောင်လုပ်ပြီး ပွဲမှပရိတ်သတ်တွေကြားစေရန်ပြုလုပ်ပြီးသူ့စကားကိုစလိုက်သည်။

"ဒီနေ့အစောပိုင်းမှာ ကျောင်းကပရော်ဖက်ဆာ ဆာမူဒီ က ဒီနေ့ပြိုင်ပွဲရဲ့အဓိကရှာရမှာဖြစ်တဲ့ ဆုဖလားကို
ဝင်္ကပါရဲ့အနက်ရှိုင်းဆုံးနေရာမှာထားခဲ့ပါတယ် ဆာမူဒီ ကပဲဆုဖလားဘယ်နေရာမှာလဲဆိုတာသိပါတယ်"

Don't Die Cedric (မသေပါနဲ့စစ်ဒရစ်)Where stories live. Discover now