မောင့်စေလိုရာ Part(5)💔

302 12 0
                                    

2014...

ဒီနေ့ ဒီဇင်ဘာ12ရက်နေ့ ပိုးငယ်ရဲ့19နှစ်ပြည့်မွေးနေ့ဆိုလည်းမမှားဘူးပေါ့ ဘာလိုလိုနဲ့မောင်နဲ့ပိုးငယ်ခင်လာတာလည်း1နှစ်ကျော်ခဲ့ပြီ ဒါပေမယ့်သူငယ်ချင်းအဆင့်ကနေတော့မတက်ကြသေးဘူး

မောင်ကသူ့ဖေဖေရဲ့ကုမ္မဏီမှာအလုပ်ဝင်နေပြီလေ ကိုယ်ကတော့ခုမှတတိယနှစ်ရမှာ ညနေဘက်ဆိုအမြဲတွေ့ဖစ်ကြပေမယ့် မောင်ကအလုပ်တွေနဲ့အမြဲရှုပ်နေတတ်သည် တစ်ခါတစ်လေဆိုပိုးငယ်နဲ့တွေ့ဖို့ကိုတောင်မေ့နေတာ

အခုလည်းပိုးငယ်မွေးနေ့ကိုမှတ်မိရဲ့လားမသိပါဘူး မောင့်ကိုချစ်ရတာလည်းတကယ်မလွယ်ဘူး

ဟဲ့ သမီး ဘာတွေတွေးပြီးငိုင်နေတာလဲ

မ..မဟုတ်ပါဘူးမေမေ

ဘာမဟုတ်တာလဲ မွေးနေ့ကြီးမှာအဲ့လိုငိုင်မနေနဲ့လေ သွား အပြင်လေးဘာလေးထွက်

ဟုတ် ပိုးငယ်အဝတ်စားသွားလဲလိုက်အုန်းမယ်နော်

အေအေ ကောင်းပြီ''

ပိုးငယ်ရေ...ပိုးငယ်''

ဟယ် သမီးခွန်းပါလား လာလေပိုးငယ်ကအင်္ကျီလဲနေတယ်

ဟုတ်လား ဒါဆိုအတော်ပဲပေါ့ ကျွန်တော်သူ့ကိုအပြင်သွားမလို့လာခေါ်တာ

ဘယ်သွားကြမလို့လဲ

ဒီလိုပဲလျှောက်လည်မလို့ပါအန်တီငယ်

အေအေ ဂရုစိုက်သွားကြနော် မိုးမချုပ်စေနဲ့

ဟုတ်ကဲ့ပါဗျ''

ဟင် ခွန်းစစ်

ဟော ဆင်းလာပါပြီမယ်မင်းကြီးမလေး

ဟာမေမေနော်''

အမလေးတော် ကျုပ်ကစတာပါ နှုတ်ခမ်းကြီးဆူမနေပါနဲ့

ဟွန့်

ပိုးငယ်အပြင်သွားရအောင်

အင်း

ကျော်မယ်ခွမယ်နော်......

ပိုးငယ်

အင်းပြောလေ

နင်ငါ့ကိုစိတ်ဆိုးနေတာလား

မဆိုးပါဘူး

ဒါဆိုဘာလို့စကားသိပ်မပြောတာလဲ''

ဒီလိုပဲ

မောင့်စေလိုရာ💔Where stories live. Discover now