ကောင်လေးတစ်ယောက်ဟာရေပြင်ကြီးကိုငေးနေရင်းကျောက်ဆောင်ပေါ်၌ထိုင်ရင်းပါးစပ်မှနာမည်လေးတစ်ခုကိုရွတ်နေလေသည်။ထိုကောင်လေး၏အသံများမှာလဲတုန်ယင်နေသည်။
"ဖီးလ်လစ်...ငါတောင်းပန်ပါတယ်ကွာ။ငါ....ငါ့စီကိုပြန်လာနော်။ငါစောင့်နေတယ်လေ။မင်းသိပ်ကြိုက်တဲ့ပေါင်မုန့်လေးတွေဝယ်ကျွေးမယ်လေ။ငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ကွာ...ဖီးလ်လစ်..ငါ......ငါမင်းကိုသိပ်ချစ်တာ"
ရေပြင်ကိုသာကြည့်ရင်းပြောနေသောကောင်လေးသည်မျက်ရည်များပါးပေါ်သို့ကြလာလေသည်။ထို့နောက်
"ဖေဖေ...ဘာလို့ငိုနေတာလဲဟင်"
အနောက်ဘက်မှအသံကြားသောကြောင့်ထိုလူသည်သူ၏ကလေးကိုကြည့်ရင်းစိတ်ထဲ၌"မင်းကသူနဲ့သိပ်တူတာဘဲကွာ"ဟုတွေးမိသည်။ဒီလိုကိစ္စတွေမဖြစ်ခင်လွန်ခဲ့သော၅နှစ်ခန့်က................
___________
အပြာရင့်ရောင်ကောင်ကင်ကြီးဟာသဘာဝအတိုင်းလှပနေသည်။ရေပြင်ကြီးဟာလဲအပြာရောင်သန်းနေကာရေလှိုင်းများငြိမ့်ငြိမ့်လေးရှိနေသည်။ပင်လယ်ပြင်ကြီးရဲ့အပေါ်မှာတော့ရွာငယ်လေးတစ်ခုတည်ရှိသည်။ထိုရွာငယ်လေးဟာငါးဖမ်းေမွးမြူေရးနဲ့အသက်ေမွးကြတယ်။ထိုရွာငယ်ေလးကို"အယ်သီနာရွာ"လို့ခေါ်ကြတယ်။ထိုရွာငယ်လေးရဲ့အရှေ့မှာတော့ကြိးများကျယ်ပြန့်တဲ့ပင်လယ်ပြာကြီးဟာတစ်ခုရှိသတဲ့။ထိုရေပြင်ကြီးရဲ့အောက်မှာထူးဆန်းတဲ့တိုင်ပြည်ကြီးတစ်ခုဟာလဲရှိနေလေသည်။
"အက္က"တိုင်းပြည်
ထိုတိုင်းပြည်အတွင်းမှာလူတစ်ပိုင်းငါးတစ်ပိုင်းရှိတဲ့ရေသူထီးတွေ။ရေသူမတွေဟာနေထိုင်ကြသည်ဆိုတာလူတွေမသိခဲ့ပေ။လူတွေဟာယုံတမ်းပုံပြင်လို့သာယုံကြည်ကြသည်။
__________
"လီယိုနာ"အပြာရင့်ရောင်အမြှီးရှိတဲ့ထိုကောင်မလေးသည်အရှေ့သို့ကူးခပ်ရင်းတိုးညှင်းစွာခေါ်လိုက်ပေမယ့်တိတ်ဆိတ်လွန်းတာကြောင့်ရှင်းလင်းစွားကြားလိုက်သည်။ထိုခေါ်လိုက်သောအသံကြောင့်လှမ်းကြည့်မိလိုက်သည်။ထိုမိန်းမလှလေးအားတခြားသူမဟုတ်"အက္က"တိုင်းပြည်ကြီးရဲ့တစ်ဦးထည်းသောသမီးတော် လီယိုနာဖြစ်သည်။