အစွမ်းတွေနဲ့ကျွန်မချစ်သူ
Part - 1
Room No. 103
ဟိုတယ်အခန်းအဝတွင် အဝါရောင် ရဲတိတ်များဖြင့်ကပ်ထားပြီး အထဲတွင် တာဝန်ရှိအရာရှိများအစုံအလင်ရှိနေကြသည်။သူတို့အားလုံးက အခန်းထဲက ကုတင်ပေါ်မှာ လူတစ်ကိုယ်လုံး သွေးမရှိတော့သလိုဖြူစုတ်ပြီးသေနေသော လူသေအလောင်းတစ်ခုအပေါ်တွင်သာအာရုံစိုက်နေကြသည်။ထိုအချိန်တွင်ရောက်လာသူက စုံထောက်မလေးသရဖီ"အခင်းဖြစ်ပုံပြောပါဦး"
"ဒီလူ့ကိုကုတင်ပေါ်မှာ ဟိုတယ်ကသန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ကအရင်မြင်ခဲ့တာပါ"
"ဟုတ်ပြီ ကျမသူ့ကိုမေးစရာရှိတယ်"
"ကျတော်ခေါ်ပေးပါ့မယ်"
ခဏအကြာသူတို့ရှိရာသို့ ဝန်ထမ်းယူနီဖောင်းနဲ့အသက်၃၀ခန့် အမျိုးသမီးတစ်ဦးရောက်လာလေသည်။
"ဒီအလောင်းကိုအမစမြင်ခဲ့တာဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် ကျမ အခန်းသန့်ရှင်းရေးလုပ်ဖို့ တံခါးခေါက်တော့ အထဲကဘာသံမှမကြားရတာနဲ့ မာစတာ ကီးနဲ့ဖွင့်ဝင်ခဲ့တော့ အဲ့ဒီ့အတိုင်းတွေ့ရတာပါ"
"တခြားဘာထူးခြားတာများတွေ့သေးလဲ ဥပမာ တစ်စုံတစ်စုံတစ်ယောက်ရဲ့ ခြေရာတို့ဘာတို့ပေါ့ အခန်းထဲတစ်ယောက်ယောက်ခိုးဝင်သလိုမျိုးအရိပ်အယောင်တွေပေါ့"
"မတွေ့ရပါဘူး သူအိပ်နေတယ်ထင်လို့ကျမ နှိုးမလို့အလုပ်မှာတစ်ကိုယ်လုံးအေးစက်ပြီးတောင့်တင်းနေလို့ လန့်သွားခဲ့တာပါ ပြီးတော့ သက်ဆိုင်ရာကိုဟိုတယ်မန်နေဂျာကနေတစ်ဆင့်အကြောင်းကြားခဲ့တာပါ"
"ကောင်းပါပြီ သွားလို့ရပြီနော် ကျေးဇူးတင်ပါတယ်"
ထိုဝန်ထမ်းပြန်ထွက်သွာားပြီးတဲ့နောက်မှာ
"ဘယ်လိုထင်လဲ မသရဖီ....သေဆုံးသူရဲ့ကိုယ်ပေါ်မှာဘာဒဏ်ရာမှမတွေ့ရဘူးပြီးတော့အလောင်းကခန္ဓာကိုယ်ထဲကသွေးတွေတစ်စက်မှမရှိသလိုကိုဖြူစုတ်နေတယ်ဆိုတော့ တော်တော်ထူးဆန်းနေတယ်"
"ထူတော့ထူးဆန်းတယ်....ကဲ အလောင်းကိုဆေးရုံပို့ပြီးစစ်ချက်ယူလိုက်ပါ"
YOU ARE READING
အစွမ်းတွေနဲ့ ကျွန်မချစ်သူ
Fantasyဒီဇာတ်လမ်းလေးက GL ဇာတ်လမ်းလေးပါ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် အရေးအသားမပြေပြစ်တာအပြင်လောကနဲ့ ကွာခြားနေတာတွေပါကောင်းပါနိုင်ပါတယ် အဲ့အတွက်နားလည်ပေးကြပါနော်။မှော်ဆရာမလေးတစ်ယောက်နဲ့ စုံထောက်မလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။