နွေဦးရာသီရဲ့ပူပြင်းပြင်း ခြောက်သွေ့တဲ့ရက်တစ်ရက်မှာ ပင်လယ်ကလာတဲ့ လေပူငွေ့များနှင့်အတူ ပင်လယ်ပျော်ငှက်ကလေးများလည်း မြူးတူးပျံသန်းလျှက် ရေလှိုင်းများကလည်း ကမ်းစပ်ကိုရိုက်ခတ်လာရင်း.. ။"ဟန်ဒုံမင်း အထက်တန်းပြီးရင် ဘာလုပ်ဖို့စဥ်းစားထားလဲ"
"အထက်တန်းပြီးရင်လား ပညာတော်သင်သွားပြီး နိုင်ငံခြားမှာ ဘွဲ့သွားယူရမလားလို့.."
ထိုစကားကိုကြားတော့ ဒုံဟျွန်း တစ်ယောက် စားလက်စ ရေခဲချောင်းလေးကို ဆက်မကိုက်နိုင်တော့ပေ ။
" မင်းကရော ဒုံဟျွန်း "
" ငါ..ငါကမသိသေးဘူး ဘာလုပ်ရမယ်မှန်း ဆိုးလ်ကိုသွားရမလား ဒီမှာပဲနေဖြစ်မလားဆိုတာ"
"မင်း မရှိတော့ရင် ငါအထီးကျန်နေလောက်တာမို့ ဆိုးလ်ကိုပဲသွားဖြစ်မယ်ထင်တယ် ""(ခစ်ခစ်)"
"ဘာရယ်တာလဲ "
ဒုံမင်းရဲ့ရယ်သံကြောင့် ဒုံဟျွန်းခမျာ ကြောင်သွားပြီး"စ နေတာ"
" ဘာ "
ဒုံဟျွန်း က ဒေါသအထွတ်အထိပ်ရောက်ရင်း ဒုံမင်းကို လက်သီးနဲ့ထုလိုက်သည် ။
"မင်း မင်းက တကယ် အရူးပဲ "" အား တော်ပါတော့ မင်းရေခဲချောင်းက အရည်တွေက ငါ့ပေါ်စင်ကုန်ပြီ ဂင်ဒုံဟျွန်းရ..!
ငါ မသွားဘူး လျှောက်ပြောနေတာ
ငါမင်းနဲ့ပဲအတူတူရှိနေမှာ ပြောထားတယ်မလား အဘိုးကြီးတွေဖြစ်တဲ့အထိ ဒီဘတ်စကတ်ဘောကိုကစားကြရင်း သူငယ်ချင်းတွေအဖြစ် သေသွားကြမယ်လို့"ယင်းစကားတွေကို ဒုံဟျွန်း မျှော်လင့်မိနေသော်လည်း အနောက်က 'သူငယ်ချင်း' ဆိုတဲ့ စကားလုံးကြောင့် ရင်ဘတ်ထဲ ဓါးတစ်ချောင်းစိုက်နေသလိုပင် နာကျင်ရပြန်သည် ။
သူငယ်ချင်းကို သူငယ်ချင်းလိုတွေးခဲ့ရင် ဒီလိုခံစားဝမ်းနည်းနေရပါ့မလား ၊ ဒါပေမယ့် သူငယ်ချင်း ဆိုတာကြီးကို မဖြစ်ချင်တဲ့ စိတ်က ကြာလာလေ ပိုပိုပြီး
အလေးသာလာလေ..။
YOU ARE READING
wave : gongfourz
FanfictionMy first oneshot fiction , so i tried my best & hope u guys enjoy it🙇♀️