Intro!

3K 32 2
                                    

[Unicode]

"ဒါ မင်းနေမယ့် အခန်းပဲ ... အခန်းဖော် နာမည်က နေရီကိုကိုတဲ့ ... ညနေစောင်းမှ ပြန်လာတတ်ပြီး အခန်းမကပ်တာ များတယ်"

"ဪ ဟုတ်"

ညနေကျ ပြန်လာရင်တော့ တွေ့မှာပဲလို့ တွေးလိုက်မိသည်။

"အဲ့တာဆို ဒါပဲ ... အဆင်ပြေအောင် နေကြပေါ့"

ခပ်ပြတ်ပြတ် ပြောပြီး ထွက်သွားတဲ့ အဆောင်ပိုင်ရှင်ကို လှမ်းကြည့်ရင် ခေါင်းရမ်းလိုက်မိသည်။ ဒီအဆောင်မှာ နေခဲ့ဖူးပြီး နိုင်ငံခြားကို ပြောင်းသွားတဲ့ သူငယ်ချင်းက Recommend ပေးလို့ အဆောင်က အခန်းတွေ ကျယ်ပြီး သန့်သလို အဆောင်မှူးကလည်း စကားပြောဆိုးပေမယ့် သဘောကောင်းတယ်ဆိုလို့သာ လာခဲ့တာ။ အခုကျ စကားပြောပုံနဲ့တင် ရှိန်နေရသည်။

စိတ်လျှော့ရင်း ပစ္စည်းတွေ နေရာ‌ချလိုက် နားလိုက်နဲ့ တစ်နေကုန်သွားပြီမို့ လောလောဆယ်တော့ ပါလာတဲ့ ခေါက်ဆွဲထုပ်ကိုပဲ အဆာပလာထည့်ပြီး ဖွယ်ဖွယ်ရာရာ ပြုတ်စားတော့မယ်လို့ တွေးရင်း လုပ်ကိုင် နေတုန်းမှာပဲ အခန်းတံခါး ပွင့်သွားတာကို ကြားလိုက်ရသည်။ နေရီကိုကို ပြန်လာပြီ ထင်ရဲ့။

"OH MY ... "

ကျမကို သူမြင်ဟန် မတူ။ ကျမ ပစ္စည်းတွေကို ကြည့်ရင်း အခန်းဖော်သစ် ရောက်လာတာကို စမ်းစစ်နေပုံရသည်။

"ဟို ... နေရီကိုကိုလား မသိဘူး"

"ဪ ... အေး ... အခန်းဖော်အသစ်မလား ... ‌အန်တီ ပြောလိုက်တယ် ... နေပါဦး ... Fuck နာမည်က မေ့သွားပြန်ပြီ ခုတင် ပြောခဲ့တာကို"

လည်ထောင် ဝတ်ထားတဲ့ အခန်းဖော် ချောချောလေးက ရှေ့ချထားတဲ့ ဆံမျှင်အချို့ကို သပ်တင်ပြီး မေးကို ပွတ်သပ်ကာ စဉ်းစားနေဟန်က ဆွဲဆောင်မှု ရှိလှသည်။

"စွင့်ဖူးဟန်သာ"

"ဪ အေး အဲ့တာ ... "

နေ သူမကို ကြည့်လိုက်တော့ အားပါးပါး။ လူနဲ့ နာမည်နဲ့ လိုက်သည်။ စွင့်ကားနေတဲ့ ရင်သားတွေ တင်ပါးတွေ ဟန်ကျကျ ခါးသွယ်သွယ်လေးနဲ့ နှုတ်ခမ်း ဖူးဖူးကြီးတွေ။

အရပ်ကတော့ နေနဲ့ သုံးလက်မလောက်ပဲ ကွာမည် ထင်သည်။ မဆိုးပါဘူး မိုက်တယ်။ အခန်းဖော်ချောချောလေးနဲ့ပဲ။

ROOMMATESWhere stories live. Discover now