"Lovelorn"
Starring : Chanyeol × Baekhyun
{ The Anthology စာအုပ်ကလေးထဲမှာ တစ်ပိုင်း၊နှစ်ပိုင်းစီပဲရှိတဲ့ Mini ဝမ်းရှော့အတိုလေးတွေပဲထည့်ရေးမှာပါ၊ အပုဒ်တိုင်းကို စာဖတ်သူရဲ့အိပ်မက်ထဲမှာထည့်မက်ခဲ့တဲ့ ညကအိပ်မက်တစ်ခုလိုပဲသဘောထားပြီး ဖတ်လို့ရပါတယ်၊ အိပ်မက်ဆိုတာ တကယ်ဖြစ်နေသလိုထင်ရပေမယ့် တစ်မျိုးလေးထူးဆန်းနေတတ်ကြပါတယ် }
_____________________________
......
မြို့အုပ်မင်းကတော်ဆိုတဲ့နေရာနဲ့လိုက်ဖက်တဲ့ မိန်းကလေးတွေ များစွာရှိပါရက်နဲ့ ငါ့ကိုမှရွေးချယ်ခဲ့ပြီး မင်းရဲ့တာဝန်ဝတ္တရားအကြီးကြီးတွေ၊ နေရောင်အောက်က စားတော်ဆက်ပွဲတော်ကြီးတွေ၊ မြို့ပေါ်ကရှန်ပိန်ဝိုင်းတွေလောက်တောင် အရာမသွင်းဘဲ ဒီကျောက်သားရဲတိုက်အိမ်ကြီးထဲမှာပဲ လှောင်ပိတ်ထားရက်တယ်လား။
အသက် 35 နှစ်ယောက်ျားတစ်ယောက်အနေနဲ့ ငါလုပ်နိုင်တာဆိုလို့ မင်းရဲ့ coat အရှည်ကြီးတွေကိုကူချွတ်ဖို့နဲ့ တချို့ညတွေမှာဖက်အိပ်ပေးဖို့ပဲရှိတော့တာလား Joseph...
"ဒီတစ်ခေါက်တော့မလိုက်ခဲ့နဲ့ဦးနော် ကိုယ်တို့မြို့တော် နှစ် 100 ပြည့် မီးပုံးပွဲကျမှ အတူတူလျှောက်လည်ကြည့်ကြမယ်" လို့ပြောရအောင် မင်းဘေးမှာ ငါဘယ်နှခေါက်များလိုက်ခဲ့ရဖူးလို့လဲ။ မြို့ပေါ်တက်သွားလိုက်ရင် တစ်ပတ်ဆယ်ရက်ကြာရှည်၊ တစ်ရက်နေလို့ တစ်ခေါက်မဝင်တဲ့ဖုန်းနဲ့ အလူးအလဲပစ်ထားပြီးမှ မြင်းလှည်းအပြည့်တင်လာတဲ့ ချည်ထည်ပိုးထည်တွေ၊ ရှူးဖိနပ်တွေ၊ မုန့်ပုံးကြီးတွေနဲ့ပဲ ငါ့ကိုပြန်ဆေးကြောတယ်။
ငါလိုချင်တာ မင်းရဲ့ဂုဏ်ပုဒ်တွေမဟုတ်ဘူး၊ ထားစရာနေရာမရှိလောက်အောင်ရနေတဲ့ မင်းရဲ့လက်ဆောင်တွေ၊ နှစ်ချို့ဝိုင်တွေ၊ အင်္ဂလန်ကွတ်ကီးတွေ ဘာဆိုဘာတစ်ခုမှမဟုတ်ဘူး။ ဒါတွေမင်းဘယ်တော့မှနားလည်လိမ့်မလဲမျှော်ကိုးရင်း၊ တစ်နေ့တော့သိမှာပါလို့မျှော်လင့်ရင်း ငါ့ငယ်ရွယ်မှုတွေလည်း မတန်မရာကုန်ဆုံးသွားကြရပြီ။
YOU ARE READING
ChanBaek : The Anthology
Fanfiction_ Mini Shots Collection _ it includes Romance, Angst, Drama, Crime, Fairytale, Softly and Depression. by: slaysakura