12

7.4K 964 240
                                    

😊ဆယ်ရက်​ပြောပြီး ပိုကြာသွားလို့ အများကြီး အားနာပါတယ်ရယ် ... မွန်း ​​နေသိပ်မ​ကောင်းလို့ပါ ... သက်သာလိုက်၊ ပြန်ဖျားလိုက်ဖြစ်​နေလို့ပါရယ် ...

နံနက်​လေးနာရီထိုးကတည်းက ထရသည်မို့ မြင့်မိုရ် ၏ မျက်လုံး​တွေ စင်း​နေပြီ။ စားဖို​ဆောင်နားတွင် ရှိသည့် ခုံ​ပေါ်တွင် ထိုင်ကာ ငိုက်​နေသည်။ ဟန်ချက်ပျက်သွားမှ ပြန်နိုးလာကာ မျက်လုံးကို အတင်းပြူးပြီး ဟင်းချက်​နေသည့် လူ​တွေကို လှမ်းကြည့်လိုက်သည်။

ဥက္ကာကို မ​တွေ့​တော့​ပေမယ့် ဥဂ္ဂံက ဒယ်အိုးခပ်ကြီးကြီးထဲမှ ကြက်သား​တွေကို သစ်သား​ယောင်းမအရှည်ကြီး ကိုင်ကာ ​မွှေ​ပေး​​နေသည်။ ဘုန်းကြီး​တွေအတွက် အရုဏ်ဆွမ်းနှင့် လူနည်းစုကိုပဲ ဖိတ်ထား​​သော်ငြား အဲဒီလူနည်းစုက​တောင် အ​ယောက်ငါးဆယ်မို့ အခုချိန်ကတည်းက ချက်ရသည်။ဟင်းချက်ရန် လူငှားထားသော်ငြား ​ဒေါ်နန်းခင်နှင်းတို့ မိသားစုကပါ ဝင်ကူညီ​နေကြသည်။

ဥဂ္ဂံအနားထိ မြင့်မိုရ် သွားလိုက်ကာ ကပ်​ပြောလိုက်သည်။

" ငါကူလုပ်​ပေးမယ်။ "

ဥဂ္ဂံ​၏ နဖူးတွင် ​ချွေး​တွေ စို့​နေ​သော်ငြား ပင်ပန်းဟန် မရှိဘဲ ပြုံး​နေလျက်ဖြင့် ​ပြောသည်။

"  ခုံ​ပေါ်က ထိုးကျမလို​တောင် ငိုက်​နေတာမလား။ ​အေး​ဆေး ထိုင်​နေပါ။ ဘုန်းဘုန်း​​တွေကို လူသားဟင်း မဘုန်း​ပေးခိုင်းပါနဲ့။ "

မြင့်မိုရ်က ဥဂ္ဂံအား မျက်​စောင်းခဲကာ ကြည့်ပြီး သစ်သား​ယောင်းမကြီးကို အတင်းဝင်လုသည်။

" ငါလုပ်တတ်တယ် ... ဖယ် ... ငါလုပ်မယ်။ "

ဥဂ္ဂံက လွှတ်​ပေးလိုက်​​​တော့ မြင့်မိုရ်မှာ ​ယောင်းမ​တောင် ​သေချာမကိုင်တတ်​ပေ။ ​ယောင်းမက ​လေး​နေကာ ဟင်း​သေချာ ​မွှေနိုင်ရန် မဖြစ်နိုင်​​ပေ။ဥဂ္ဂံက မြင့်မိုရ် လက်ထဲမှ ​ယောင်းမကြီးကို ပြန်ဆွဲယူသွားကာ ​ပြောသည်။

" မရဘူးမလား ... ​ငါပြော​နေရင် နား​ထောင်လိုက်။ "

" ရွယ်တူချင်းကို မင်းကျရပြီး ငါကျဘာလို့မရတာလဲ။ "

Youth , Sweet LoveWhere stories live. Discover now