မနက်ခင်းကောင်းကင်ပြာလဲ့လဲ့ပေါ်တွင်တိမ်ဆိုင်များကတဖြေးဖြေးရွေ့လျားနေပြီးစိမ်းလန်းစိုပြေနဲ့တဲ့သစ်ပင်ကြီးရဲ့အကိုင်းအခက်ပေါ်များတွင်ငှက်များကတကျီကျီသီချင်းဆိုနေကြသည်
တက္ကသိုလ်ကျောင်းရဲ့ပထမဦးဆုံးစဖွင့်တဲ့ရက်ဖြစ်တာကြောင့်ကျောင်းသားများကစိတ်လှုပ်ရှားစွာကျောင်းဝင်းထဲတွင်ပြေးလွှားနေကြသည်
နွေဦးရာသီမနက်ခင်းရဲ့ကောင်းကင်လေးကအပြာလဲ့လဲ့ဖြစ်ပြီးအဖြူရောင်တိမ်ဆိုင်များကကောင်းကင်ရံပေါ်တွင်ရွေ့လျားနေပြီးအပြာရောင်ကောင်းကင်နဲ့အဖြူရောင်တိမ်လေးတွေကဆေးခြယ်စရာမလိုပဲသဘာဝအလှလေးတစ်မျိုးပါပဲ
"ဟေး...မေ"
အသံလာရာဘက်သို့လှည့်လိုက်ရင်း~~~
"နှင်းနင်ရောတက္ကသိုလ်လာတက်တာလား"
"အင်းတိုက်တိုက်ဆိုင်ဆိုင်သူငယ်ချင်းနှစ်ယောက်တွေ့ကြပြီပေါ့"
"နှင်းနင်အရင်လိုစာတွေမခိုးချတတ်တော့ပါဘူးနော်"
"ဟား...ငါအရင်လိုမဟုတ်တော့ပါဘူးဟာ"
"အရင်လိုစခိုးချတတ်တဲ့အကျင့်ကိုဖြောင့်ပြီးကိုယ်တိုင်စာကြိုးစားလို့တက္ကသိုလ်ကျောင်းကြီးကိုရောက်လာတာပေါ့"
"ကောင်းပါတယ်"
ကျောင်းဝင်းထဲမှကျောင်းခေါင်းလောင်းသံကကျောင်းအပြင်ဘက်သို့ပဲ့တင်ထပ်စွာထွက်လာခဲ့သည်
"မေအတန်းစတော့မယ်ကျောင်းခန်းထဲဝင်ကျရအောင်"
"အွန်း"
ကျောင်းဝင်းထဲသို့အတူဝင်ကြပြီးကိုယ်တက်ရမယ့်အခန်းကိုလိုက်ရှာရင်းကျောင်းဝန်းထဲတွင်လျှောက်ပတ်ရှာဖွေကြရင်း
"ဟိုမှာတက်ရမဲ့အခန်းရောက်ပြီနှင်း"
နှင်းတစ်ယောက်လက်ညိုးထိုးပြတဲ့အခန်းအတွင်းဘက်ကိုကြည့်ရင်း
"မေငါ့တို့အခန်းတူတယ်ထင်တယ်"
"ကောင်းတာပေါ့...ဒါဆိုဝင်ကြရအောင်နှင်း"
အတန်းရဲ့အတွင်းထဲတွင်ကျောင်းသားများကခုံတစ်ခုံချင်းစီတွင်နေရာယူထားကြပြီးအနောက်ဆုံးခုံရဲ့တတိယမြောက်ခုံတွင်နေရာနှစ်ခုလွတ်နေသည်