Unicode
ခွန်လုံစိတ်ထဲတမျိုးထူးဆန်းနေလေသည်။
လူကေမမြို့ဘက် ရောက်နေကာ မာယာမျက်ရှင်ရဲ့နေရာ လားရှိုးဘက်မှာရှိထားသည်ကိုသိသည့်အတွက် သွားကြည့်ချင်နေသည်။သူနဲ့မာယာမျက်ရှင်နဲ့က တရင်းတနှီးပက်သက်ရ
သည့်ဆက်ဆံရေးမျိုးတော့မဟုတ်။ သို့သော်လည်း စိမ်းသက်နေသော သူစိမ်းလည်းမဟုတ်ချေ။သွားရောက်လည်ပတ်သည် ဆိုလျှင်လည်း လက်ခံချင်စရာကောင်းသည့် အကြောင်းပြချက်ဖြစ်ပေလိမ့်မည်။
မနှစ်ကလောက်ကတော့ တစ်ခါရောက်ဘူးသလိုဘဲ ။
လူကြီးမင်းဝမ်နဲ့ အကျိုးတူလုပ်ငန်း စလုပ်သည့်အချိန်ထင်သည် ။ခပ်လှမ်းလှမ်းမှနေပင် ရှုပ်ထွေးနေသော အမည်းရောင်ဝတ်စုံပြည့်လူများကိုတွေ့လိုက်ရသည်။ ထို့နောက်ကားများ ကျားနက်တံဆိပ်နှင့်ကားများကို ခွန်လုံအခုမှ မြင်ဖူးသွားသည်။
တခုခုဖြစ်နေတာမဟုတ်လား ဒီအခြေအနေက ။
" Sry ပါ စကားဝိုင်းကို နှောင့်ယှက်သလိုဖြစ်သွားလား "
ခွန်လုံရဲ့အရှိန်အဝါတစ်ခုကြောင့် ဝတ်စုံပြည့်လူများမှာ ဘာမှမပြောရဲပေ ။ ထို့ကြောင့်လွယ်ကူစွာ အိမ်ထဲသို့ ဝင်ခွင့်ရသွားလေသည်။
မြေအောက်လောကတွင် နာမည်သာကြားဘူးပြီး လူလုံးထွက်မပြတတ်သော ကျားနက်၏ခေါင်းဆောင်ဟုထင်ရသော လူနှင့်မာယာမျက်ရှင်တို့၏ အခြေအနေသည် တင်းမာနေလေသည်။
" ဒီဘက်က မောင်ရင်က "
" ကျွန်တော့်နာမည် ခွန်လုံပါ "
ခွန်လုံ ခွန်လုံဆိုတာ အဲ့မိသားစုများလား ။
ဦးထွန်းဝနလှိုင် ခပ်တွေတွေစဉ်းစားလိုက်သည်။" လမ်းကြောင်းက နှောင့်ယှက်ခံနေရပါတယ် ။ ခုချိန်ပြန်ဖို့သင့်ပါပြီ "
Mark က ဦးထွန်းဝနလှိုင်နားနား ကပ်ကာ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ ဦးထွန်းဝနလှိုင် မျက်နှာတချက်ပျက်သွားသည်ကို အမြန်ပြန်ထိန်းကာ ထရပ်လိုက်သည်။
" ဧည့်သည်လည်း ရောက်လာပြီဆိုတော့ ဒီလောက်နဲ့ဘဲပြန်တော့မယ် မာယာမျက်ရှင် သေချာစဉ်းစားလိုက်ဦးနော် "