Part-1

18 6 5
                                    

လေပြေညှင်းလေးတွေ တဖြူးဖြူးတိုက်ခတ်နေသော နေ့လေးမှာ ကော်ဖီလေးတစ်ခွက်ရကိုကိုင်ပီး ပြတင်းပေါက်ကို ငေးရသည်မှာ ရှိန် ၏ စိတ်ကို စိတ်ထွက်ပေါက်ပေးနေသယောင်...

"မမလေးရှိန် သခင်းကြီးက ခေါ်ခိုင်းလိုက်လို့ပါ"

"အေးငါလာခဲ့လို့ပြောလိုက်"

ငယ်ငယ်ထဲက ရွှေနဲ့ ငွေနဲ့ ပြီးပြည့်စုံအောင်နေရလာတဲ့သူမို့ သူ့အတွက် ဘဝဆိုတာ ဘာအပူအပင်မှမရှိ

"ဖေဖေသမီးလာပီ"

"အေးသမီးအဖေပြောစရာရှိတယ်"

"ပြောပါဖေဖေ"

"ဖေဖေတို့လုပ်ငန်းရှယ်ယာဝင်တေနဲ့ ညကြမိတ်ဆုံစားပွဲရှိတယ် ဖေဖေမအားလို့သမီး ဖေ့ဖေ့အစားတက်ပေးလို့ရမလား"

"ရပါတယ် ဖေဖေ အချိန် နဲ့ နေရာကိုပြောလိုက်ပါ"

"9နာရီ ...နေရာ"

"ဟုတ်"

ငယ်ငယ်ကတည်းက လိုလေးသေးမရှိအောင်ထားခဲ့ပေမယ့် ငါချမ်းသာတဲ့ဟေ့ဆိုပီး ထင်တိုင်းကြဲမဲ့ အထဲ ခွန်းသစ္စာရှိန် မပါ ဒီလို လုပ်နေတဲ့လူတေကိုလည်း ရှိန်မုန်းသည် LGBT ဆို တာ ရှိန်က သဘောကျပေမယ့် ကိုယ်ကိုတိုင် တွဲနိုင်လားဆိုတော့ မကြိုက်ပြန် ရှိန်၏ စိတ်ခံစားချက်သည် ခန့်မှန်းရခက်သည်

------------------------.......-------------------------

"ဘာ! ရှုံးမဲမဲတယ်ဟုတ်လား ညစ်တာ နင်တို့လားငါလား"

ထိူလူကတော့ ကမ္ဘာပေါ်တွင်နှစ်ယောက်မရှိသော ဤနိုင်ငံ Top 10 စရင်းဝင် ချမ်းသာဆုံးလူတေထဲက Luxury Company Ceo ရဲ့သမီး ပိုးနုဆည်းဆာပင် နာမည်လေးက နူးညံ့သိမ်မွေ့သလို လူကလည်း နူး²ညံ²လေး ပွဲတိုင်းဆို သူဆိုတာမပါမဖစ် မိန်းကလေးတန်မဲ့ ကားမေဲင်းပြိုင်ပွဲတွေရင် သူပထမဆုမရလျှင် ​ဖိနပ်နဲ့ပါးရိုက်ပါလို့ ဟစ်​ကြွေးထားသူ
Bar / Club သူမတက်ဘူးတဲ့နေရာမရှိ ဖဲဝိုင်း ​တေ ထဲသူဆိုတာမပါမဖစ် ရုပ်ကလေး နဲ့မထင်ရဘူးမလား

အဆက်...

"မနိုင်ရင်မနိုင်ဘူးပေါ့ ပိုးနုဆည်းဆာရယ် ဟက်!"

"ဂျွန်မိုးဝသန်ထက် နင်ဖဲဆင်နေတာ ငါ Cctv မှတ်တန်းပြလိုက်ရမလား"

ချစ်ဖွဲ့နှောင်ကြိုးWhere stories live. Discover now