တစ္ဆယ့္ရွစ္(U+Z)

3.5K 190 40
                                    

Unicode

ခမ်းနားထည်ဝါလွန်းတဲ့ အခန်းကြီးတစ်ခုထဲ၌ လူကုန်ထန်အသိုင်းအဝိုင်းကလူတွေနဲ့ပြည့်နှက်နေလေသည်။မီးဆိုင်ဖြူဖြူတွေ၊နံရံပေါ်က ဓာတ်ပုံကားချပ်တွေနဲ့မို့ လှပပြည့်စုံနေသည်။စားပွဲပေါ်၌ တလက်လက်ဖြစ်နေတဲ့ စိန်ထည်ပစ္စည်းတွေက ထည်ဝါလွန်းနေသည်။ထိုပစ္စည်းတွေဘေး၌ မတူညီတဲ့သော့အတွဲလေးတွေကိုလည်း တွေ့ရသည်။ဒါဟာ တစ်စုံတစ်ယောက်အရွက်ရည်ရွယ်ထားခြင်း။အသေအချာပြောရရင် မော့်အတွက်ရည်ရွယ်ထားခြင်းပင်။

သက်မဲ့ပစ္စည်းဥစ္စာတွေထက် သက်နိုင်ရဲ့ချစ်ရသူ အပြုံးကလေးက ပိုထည်ဝါလွန်းနေသည်။ထိုအပြုံးကလေးကို တစိမ့်စိမ့်ငေးကြည့်ရတဲ့သက်နိုင်ရင်ထဲ ဂန္ဓာမာအဖြူတွေပွင့်နေသလို အေးချမ်းလို့နေသည်။ဒီအပြုံးတွေကို နေ့ရက်တိုင်း၊စက္ကန့်တိုင်း၊အချိန်တိုင်းမြင်ရတော့မည်ဆိုတဲ့အတွေးက သက်နိုင်ကို ရူးလောက်စေသည်။

"ကဲ သားနဲ့သမီးတို့ရဲ့အကြောင်းကို နှစ်ဖက်မိဘတွေလည်းသိပြီးသားမို့ အထွေအထူးပြောစရာလိုမယ်မထင်ဘူး။ကျွန်တော့်ရဲ့တစ်ဦးတည်းသောသားက ဟောဒီ့က သမီးလေးမော့်ကို ချစ်မြတ်နိုးနေလို့ လာရောက်တောင်းရမ်းတာကို သဘောတူပေးပါလို့ တောင်းဆိုပါရစေ"

        သက်နိုင်အဖေရဲ့အသံဟာ အခန်းတစ်ခုလုံးကိုဖုံးလွှမ်းလို့သွားသည်။အပြုံးတွေလည်း ထပ်တူကျသွားလေသည်။အထူးသဖြင့် သက်နိုင်နဲ့မော့်ရဲ့အပြုံးတွေပင်။

"ကျွန်မတို့ဘက်ကလည်းအထွေအထူးငြင်းစရာမှမလိုဘဲ။သားကလည်းသမီးကိုချစ်တယ်။သမီးကလည်းသားကိုချစ်တယ်။ကျွန်မတို့ဘက်ကငြင်းစရာအကြောင်းမရှိပါဘူး"

       ဒီစကားဟာ သက်နိုင်နဲ့မော့်အတွက် အဓိပ္ပါယ်အရှိဆုံးဖြစ်နေလေသည်။သက်နိုင်ရဲ့အမျိုးသမီးလေးအပြုံးဟာ နူးညံ့ကာ လှပလွန်းနေသည်။ဒီအပြုံးတွေကို သက်နိုင်မြတ်နိုးရသည်။ဒီအမျိုးသမီးလေးကိုသာ တစ်သက်တာလက်တွဲခွင့်ရတော့ကိုယ့်ကိုယ်ကိုယ်ပင် ကျေနပ်မဆံဖြစ်ရသည်။သသက်နိုင်ကလည်းမော့်ကိုချစ်သည်။
မော်ကလည်းသက်နိုင်ကိုချစ်သည်။ဒါဆိုရင် ဒီအချစ်ကမ္ဘာမှာ ဘာတွေများလိုအပ်ပါဦးမလဲ။ပြီးပြည့်စုံသွားတဲ့အချစ်ကမ္ဘာလေးထဲမှာ သက်နိုင်ရော မော်ပါ အချစ်ရဲ့အရသာကို ခံစားစီးမြောပေတော့မည်။

"မောင့်ကြင်နာသူ"Where stories live. Discover now