01

604 33 9
                                    

အရမ်းပျော်ရွှင်ဖို့ကောင်းပြီးစည်းလုံးညီညွတ်မှုတိုင်ပင်မှုတွေနဲ့ပြည့်စုံနေတဲ့ထိုမိသားစုလေးမှာအမေအဖေညီလေး၊နီခီအပါအဝင်မိသားစု၄ယောက်ရှိသတဲ့...။

အရမ်းအောင်မြင်တဲ့ကုမ္ပဏီတစ်ခုကိုဦးစီးလုပ်ဆောင်နေတဲ့နီခီအဖေဟာသဘောထားအလွန်ကြီးပြီးဥပမာအနေနဲ့ဆိုမြွေဟောက်ကိုအကိုက်ခံပြီးတော့ကိုပွေ့ဖက်တတ်တဲ့သူစားမျိုးပါသို့သော်သူကောင်းပေးသလောက်မည်သူတစ်ဦးတစ်ယောက်မှပြန်ကောင်းပေးခြင်းရှိဘဲအနောက်ကျောကနေဓါးနဲ့ထိုးချင်တဲ့သူတွေကြီးပါပဲ...။

ဟုတ်ပါတယ်အဲ့နေ့ကဖြစ်ခဲ့တဲ့ကိစ္စကလည်းသူ့အဖေရဲ့အလွယ်ယုံတဲ့အကျင့်ကြောင့်ပါပဲ...။။

ဆန့်ကျင်ဘက်အနေနဲ့နီခီကတော့မည်သူတစ်ဦးတစ်ယောက်ကိုမှယုံပါဘူးလူတိုင်းကိုသံသယနဲ့ပဲဆက်ဆံတတ်ပါတယ်...။

တစ်နေ့မှာတော့သူတို့ဘဝထဲလေထုမဲကြီးရောက်ရှိလို့လာခဲ့ပါပြီ...။

။။။

အပြုံးချိုချိုလေးနဲ့ကောင်လေးတစ်ယောက်ဟာတံခါးကိုခေါက်လိုက်ပြီးမီးဖိုချောင်ထဲဟင်းချက်နေတဲ့နီခီမေဟာထိုအသံကိုကြားတော့

"လာပြီရှင့်" ဆိုပြီးမီးဖိုချောင်ထဲကပြေးထွက်လာကာတံခါးကိုဖွင့်လိုက်တော့တယ်...။

"ဘယ်သူလဲကွဲ့?"

"မင်္ဂလာပါခင်ဗျ ပတ်ဆောင်းဟွန်းပါတွေ့တာဝမ်းသာပါတယ်အန်တီ"

FAKE  l̶o̶v̶e̶ w̶o̶r̶d̶s̶ ✓ || Nikihoon 🐥🐧Where stories live. Discover now