(15) heroဖြစ်လို့ရမလား
30 5 1
hero ဖြစ်လို့ရမလား
လန်ကောင်းရီက ကျိုးဟိန်ကိုရိုက်နှက်ပြီးတဲ့နောက်မှာ မီဒီယာသမားတွေကိုဆက်သွယ်ကာ ကျိုးဟိန်သူများတွေအပေါ်အနိုင်ကျင့်မူနဲ့မတော်မတရားလုပ်ထားတဲ့အကြောင်းတွေကို ဘာမှမထိန်ချန်ဘဲ တင်ရန်နဲ့ အပိုရေးသားချင်ရင်လဲရေးသားနိုင်ကြောင့် မန်နေဂျာကိုပြောခိုင်းလိုက်သည်။ ကျိုးဟိန်ကာအမှန်တကယ်ပင်အပိုရေးသားစရာမလိုဘဲ လူယုတ်မာလုံးလုံးပင်ဖြစ်ပေသည်။ 
တက်သစ်ကာကောင်မလေးငယ်တွေကို တွဲကာ hdများရိုက်ကူးလျက် အပေါင်းအသင်းကြားရောင်းကာ တဖက်ကောင်မလေးတွေကိုအရှက်ကွဲအကျိုးနည်းစေသည်အရာများလုပ်ခဲ့သည် ဆေးလဲစွဲနေသူမို့ ဆေးမူးက ကားတိုက်မူနဲ့ မုဒိမ် ခြမ်းခြောက်မူ စသော အမူပေါင်းများစွာကို ကျူးလွန်ကာ လန်ကောင်းရီနာမည်ကိုရောင်းစားလျက် မရပ်တန့်ဘဲဆက်လက် လုပ်နေဆဲပင် ထို့အကြောင်းတွေ့ကို လန်ကောင်းရီဖတ်မိလိုက်တော့တကယ်ကို အံ့သြမိသွားသည်။ လန်ကောင်းရီညီအစ်ကိုနှစ်ယောက်လုံးပေါင်းတောင်ဒီကောင်ရဲ့ဒုစရိုက်မူကိုမမှီလောက်သေးသလားလို့တွေးမိပြန်သည်။ (လန်ကောင်းရီမှာ အစ်ကိုတစ်ယောက်ရှိပါသေးတယ် မှတ်ထားကြအုန်းနော် ) 
ထိုသတင်းတွေထွက်လာပြီနောက် မတရားခံစားရသူတွေအဖို့သူက တရားလဲစွဲပေးထားတာကြောင့်ကျိုးဟိန်မှာ ခေါင်းပင်မထူနိုင်တော့ပေ။ ကျိုးဟိန်မိဘတွေ့က လန်ကောင်းရီမိဘတွေဆီရောက်လာ​ကာအကူအညီတောင်းကြတာကြောင့် လန်ကောင်းရီအစ်ကို လန်ကျူရီက လန်ကောင်းရီဆီဖုန်းတင်က ဖြေရှင်းပေး မပေးသင့်မေးလာခဲ့သည်။ 
"ကော့မသိလို့ ဒီကောင်ကြောင့်ကျွန်တော်နာမည်ပျက်ဖြစ်နေရတာ"
"အဲသလောက်သတ္တိရှိနေတာလား"
"ဒီကောင်ကကျွန်တော်ခေါင်းရောင်းစားထားတာဗျ အခြားမလုပ်သင့်တာတွေအများကြီးလုပ်ထားသေးတယ် ဒီကောင်က စည်းကမ်းအကြောင်းနားကိုမလည်တာ "
"ကောင်းပြီ မင်းဒီအပတ်ပိတ်ရက်ရရင်အိမ်ပြန်ခဲ့အုန်းကိုယ်ဟင်းချက်နည်းအလုပ်သင်ထားတယ် လာကူစားပေးပါအုန်း "