အောင်စာရင်း ထွက်သည့်နေ့မှာ နံနက်အစောပိုင်း သုံးနာရီခွဲကတည်းက ဦးစိုင်းရဲကျော်တို့ လင်မယားနှင့်အတူ အမြွှာနှစ်ယောက်က မြင့်မိုရ်တို့ အိမ်အား အောင်စာရင်း သွားကြည့်ရန် ဝင်ခေါ်သည်။ခြံတံခါး ထဖွင့်ပေးသော ဦးလွင်မင်းက အတူလိုက်ခဲ့ရမလား မေးသော်ငြား မြင့်မိုရ်က ငြင်းလိုက်သည်။
" အန်တီနန်းတို့ပါတာပဲ ... သားဘာသာပဲ သွားကြည့်လိုက်ပါ့မယ်။ အဖေက ညကမှ ခရီးကပြန်ရောက်တာလေ ... နားလိုက်ပါ။ "
ဦးလွင်မင်းက မြင့်မိုရ်အတွက် ကားနောက်ခန်း တံခါးကို ဖွင့်ပေးရင်း ဦးစိုင်းရဲကျော်အား ပြောလိုက်သည်။
" လာခေါ်ပေးတာ ကျေးဇူးတင်ပါတယ်နော်။ သေချာမောင်းသွားကြနော်။ "
" ဟုတ်ကဲ့ ကိုလွင်မင်း "
ကားလေး စထွက်ပြီးနောက် ဥဂ္ဂံ၏ ဘေးတွင် ထိုင် နေသည့် မြင့်မိုရ်မှာ စိတ်လှုပ်ရှားနေဟန် လက်လေးနှစ်ဖက်ကို ဒူးကြားညှပ်ထားပြီး မျက်လုံးတွေက အရှေ့ကိုပဲ တသမတည်း ကြည့်နေ၏။ဥဂ္ဂံတို့ အမြွှာလည်း နည်းနည်းတော့ စိတ်လှုပ်ရှားပေမယ့် မြင့်မိုရ်လောက်တော့ မဆိုးပေ။ဥဂ္ဂံက မြင့်မိုရ်၏ လက်လေးတစ်ဖက်ကို ဆွဲယူကာ လက်ချောင်းလေးတွေချင်းထိ ခပ်တင်းတင်း ပူးကပ်တွဲလိုက်ရင်းမှ နွေးထွေးစွာ နှစ်သိမ့်ပေးသည်။
" ဘာမှမဖြစ်ဘူး ... မင်း လုပ်နိုင်ပါတယ်။ "
မြင့်မိုရ်က နံနက်အစောပိုင်းမို့ အိပ်ချင်မပြေသည့် မျက်လုံးလေးတွေကို ဝံ့ကာဖြင့် ဥဂ္ဂံအား ကြည့်ရင်း ပြောသည်။
" ငါ အောင်မှာပါနော် ... သင်္ချာလည်း အောင်မှတ်ရတယ်မလား။ မအောင်ရင် အမေက အရမ်းဆူနေမှာ။ နောက်ပြီး ငါလည်း ကိုယ့်ထက်အငယ်တွေနဲ့ ကျောင်းအတူ မတက်ချင်ဘူး။ "
တစ်ယောက်ကျော်မှ ဥက္ကာက ခေါင်းထွက်ကြည့်ပြီး မြင့်မိုရ်၏ နဖူးအား လှမ်းခေါက်လိုက်သည်။
" ပုပ်လိုက်တဲ့ ပါးစပ်ကြီး ... အရင်ကကျ စာမကြိုးစားဘဲ စာမေးပွဲနီးမှ စာကပ်လုပ်ပြီး အခုမှ မေမေဆူလိမ့်မယ် လုပ်နေတယ် ... အောင်တယ် ... အောင်တယ် ... ငါ့ကို ယုံလိုက် ... လျှောက်မတွေးနဲ့တော့။ "
![](https://img.wattpad.com/cover/366867117-288-k816759.jpg)
YOU ARE READING
Youth , Sweet Love (Completed)
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _