Dear Future Husband
"လူတွေက ပြောတယ်။ဖူးစာပါမှ ပေါင်းဖက်ရတယ်တဲ့။မရပါဘူး။ ကျွန်တော်ကတော့ ဖူးစာတွေဘာတွေထက် ကိုယ်တိုင်လုပ်ယူရတာကိုပိုသဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူကြီးကို ကျွန်တော့်အနာဂတ် ခင်ပွန်းဖြစ်အောင် ကြိုးစားတော့မှာမလို့လေ။"
Dear Future Husband
ကိုကိုက ကျွန်တော့်ရဲ့အနာဂတ်ရည်းစား
ကျွန်တော့် အနာဂတ်ကောင်လေး
ကျွန်တော့် အနာဂတ်ခင်ပွန်းကိုကိုဆိုလို့ အသက်ကွာတယ်တော့မထင်လိုက်ပါနဲ့၊ ကိုကိုက ကျွန်တော့်ထက် အသက်ကလေး ကမဆိုသလောက်ပဲ ကြီးတာပါ။
ကိုကို့အချစ် နံပါတ်တစ်၊ ကိုကိုနဲ့ညား နံပါတ်ငါး တဲ့ ၊ကျွန်တော် အမြဲဆိုနေကျ စာလေးနှစ်ကြောင်းပေါ့။အဲ့နှစ်ခုပေါင်းရင်တော့ နံပါတ်ခြောက်ကိုရပါတယ်။ဟုတ်ကဲ့ ကိုကိုနဲ့ ကျွန်တော်က ခြောက်လပဲကွာတာပါ။ နောက်ပြီး ကိုကိုက တစ်လပိုင်း ငါးရက်နေ့မွေးတာလေ။ ဟီး ပြောပါတယ်နော် ကိုကိုက ကျွန်တော့်အပိုင်ပါလို့။
ဟင် ဘာမှလဲမဆိုင်ဘူးလို့တော့မပြောပါနဲ့။ဆိုင်ချင်လို့ကို ကိုကို့ကို ကျွန်တော်ကလိုက်နေတာပါ။
ကျွန်တော်က လိုက်တယ်ဆိုလို့ ကိုကိုကပြေးတယ်မထင်ကြပါနဲ့၊ ကျွန်တော့်ကိုကိုက အမြဲထာ၀ရ ကျွန်တော်နဲ့ လက်တစ်ကမ်းမှာပဲရှိနေခဲ့တာပါ။ပြောရမယ်ဆိုရင် ကျွန်တော်ကဖြစ်စေ ကိုကိုကဖြစ်စေ လက်လှမ်းလိုက်တာနဲ့ ကျွန်တော်နဲ့ ကိုကိုက ဂျိန်းခနဲအချစ်မီးတောက်တွေ တောက်လောင်ပြီး အချစ်ပန်းပွင့်တွေ တဖွားဖွားထလာမှာ အသေအချာပဲ။ ဘယ်သူပြောတာလဲဆိုရင် ကျွန်တော်ပြောတာပေါ့။ဘယ်သူငြင်းချင်သလဲ၊ ငြင်းတဲ့ကောင်ရှိရင်ကျွန်တော်နဲ့ငြိမှာပဲ။ ငြိမယ်ဆိုတာက ကျွန်တော်နဲ့ ရင်ဆိုင်ရမယ်ပြောတာနော်။ ကျွန်တော်နဲ့ ငြိတွယ်ရမှာက ကိုကိုတစ်ယောက်တည်းမလို့။
ကိုကို့မှာ ပါးချိုင့်လှလှလေးတွေရှိတယ်။ ကျွန်တော့်အပိုင်ဖြစ်လာမယ့်ပါးချိုင့်လေးတွေလေ။ ကျွန်တော် အမြဲခို၀င်ချင်မိတဲ့ ကိုကို့ရဲ့ပါးချိုင့်လေးတွေ။ဒါကစာလိုပေလို တမင်ဖွဲ့နွဲ့ပြတာပါ။တစ်ကယ်က ကျွန်တော် ကိုကို့ပါးချိုင့်လေးနှစ်ဖက်ကို အားပါးတရနဲ့ နစ်၀င်သွားအောင်နမ်းပစ်ချင်တာ။ အခုတော့နည်းနည်း စိတ်ထိန်းနေရပေမယ့် ကြည့်ထားပါ။ ကိုကိုသာ ကျွန်တော့်အပိုင်ဖြစ်လာလို့ကတော့။

VOCÊ ESTÁ LENDO
Dear Future Husband ( Chanbaek Fanfic )
Conto" I want to marry you and kiss you in the rest of my life ko ko." - Byun Baekhyun