2

93 11 4
                                    


_______________

နှစ်နှစ်မျှကျော်လွန်သော်


_______________

စီရင်သူတောင်ထိပ်၌နတ်ဘုရားတစ်ပါးရှိလေသည်

‌မိုးကောင်ကင်ယံရှိ အပြာရောင်လွင့်လွင့်လေးဟာပေါ်လွင်လျက် နေရောင်ခြည်ဟာပူလောင်ခြင်းအစားနူးညံစွာဖျာကျကာ လေပြေလေညင်းများဟာလည်းအလွန်တရာသိမ်မွေ့စွာ တိမ်ဆိုင်များကိုသယ်ဆောင်လျှက် အလွန်တရာသာယာလှပသောနေ့တစ်နေ့ပင် 

တိုင်းပြည်၏တစ်နေရာတွင်တောင်ကုန်းတောင်တန်းကြီးများဝန်းရံထားသော အလွန်စိမ်းလန်းစိုပြေသည့်တောအုပ်တစ်ခုရှိလေသည်။ ထိုတောအုပ်ထဲတွင် ကျောက်စိမ်းရောင်လဲ့နေသော ရေအိုင်နှင့်ဆက်သွယ်ထားသောရေတံခွန်တစ်ခုရှိသည်။ ဒဏ္ဍာရီအရ ထိုအိုင်‌တွင်ပေါက်ရောက်သော ကြာပန်းအားစားသုံးလျှင်ဖြေဆေးမရှိသောအဆိပ်ဆိုလျှင်တောင်မှပျောက်ကင်းည်ဟုရေးသားထားသည်။ ထိုတောအုပ်ထဲကို ကြာပန်းကိုလိုချင်၍ဝင်လျှင် မည်သို့မျှရေအိုင်ဆီသို့မရောက်နိုင်ပေ ၊‌ထိုကြောင့် ထိုစကားသည် ဒဏ္ဍာရီအဖြစ်သာတွင်ကျန်လေသည် ။ရေတံခွန်ရှိမရှိမည်သူမျှမသိပေ...

မည်သူသည်ထိုကြာပန်းအားဆွတ်ခူးနိုင်လိမ့်မည်နည်း...

မြေပုံပေါ်တွင်ပျောက်ကွယ်နေသောကျွန်းစုတစ်ခု ကြီးမာကျယိပြန့်သောတောင်ကုန်းများစွာ အလွန်တရာသာယာလှပကာ သက်ရှိလောကဟုထင်မှတ်စရာမရှိအောင် သာယာလှပလွန်းလေသည်

______________________

ကျွန်း၏ အဓိကမျိုးနွယ်စုထဲမှတစ်ခုဖြစ်သော သမန်းကျား မျိုးနွယ်စုတွင် အလွန်တရာ ပြာယာခတ်နေလေသည်

အို မိဘုရားကြီးကလေးမွေးတာပဲ 

အိပ်ဆောင်၏ပေါက်ဝတွင်ဂဏာမငြိမ်ဖြစ်နေသောသူမှာ သမန်းကျားမျိုးနွယ်စုခေါင်းဆောင်ပင် အထဲသို့ဝင်ခွင့်လည်းမရ ချစ်ရသူ၏အော်သံများသာကြားရလေသည် ‌စိတ်ထဲ‌တွင်တေးမှတ်ထားလေသည်

"ဒင်းထွက်လာမှ အနိုင်ကျင့်ဦးမယ် ရာရာစစငါ့မိဘုရားကို နာအောင်လုပ်ရဲတယ် " စိတ်ထဲတွင်တော့အနာဂတ်မိသားစုလေးအကြောင်းတွေးကာကြည်နူးရပြန်သည်

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

XiaWhere stories live. Discover now