《*》

178 12 4
                                    

• သည်မိုးရေစက်တွေဟာလဲ အကိုမရှိတော့ ခန်းခြောက်လို့။

ကျောင်းဆင်းချိန်ထိတိုင် ရွာနေသည့် မိုးအားလဲ အားမထားနိုင်ရန်။ လက်တစ်ဖက်၌ ထီးပါသော်လဲ သည်နေ့တော့ ဂျယ်ယွန်း၏ ထီးအနက်ရောင်တစ်ချောင်းဟာ ကျောင်းခန်းထဲတွင်သာ အိပ်စက်ရပါတော့မည်။

"ယွန်း ထီးမေ့ပြန်ပြီမလား"

"ဟီးဟီး ဟုတ်တယ်အကို"

ဂျယ်ယွန်းလိမ်လိုက်ပေမဲ့ အကို့မှာ အမှန်ထင်ပုံ။ ကျွန်တော်လိမ်လိုက်တာကို အကိုစိတ်တော့မဆိုးဘူးမလား၊ အကို့ကြောင့် ကျွန်တော်က ဒီလိုမဟုတ်တာတွေ လိမ်တတ်နေရတာပါ။

"အကို့ထီးကသေးတယ်ရယ် အတူဆောင်းလို့ အဆင်ပြေရဲ့လား"

"မိုးရေတွေ အကုန်စိုသွားတာ ထက်စာရင်တော့ အဆင်ပြေပါတယ်ဗျာ"

အဆင်ပြေတာပေါ့ ကျွန်တော်က အကိုနှင့်သာအတူရှိရမည်ဆို အရာအားလုံးအဆင်ပြေတယ်ရယ်။

ကားမှတ်တိုင်ထိ သည်ထီးတစ်ချောင်းနှင့်သာ လာရသည်မလို့ ဂျယ်ယွန်း၏ ဝဲရာဘက်မှာတော့ ရေတွေစိုလို့။ ထီးအားအတူ ကိုင်လာရသည်မလို့ အသားချင်းထိမိရင်တောင် ဂျယ်ယွန်း၏ရင်မှာ ဗြောင်းဆန်ကုန်လို့။

"အကိုကားရောက်ပြီရယ် ကျွန်တော်သွားနှင့်ပြီနော်"

"ဂရုစိုက်ပါယွန်း"

ပြန်၍သာ ရယ်၍နှုတ်ဆက်ကာ ဂျယ်ယွန်း ဘတ်စ်ကားပေါ်၌ ထိုင်ခုံတစ်ခုံအား ထိုင်ကာ မိုးရေစက်များအား ယခုအချိန်မှသာလျှင် အားထားမိပါရဲ့။ မိုးရေစက်တွေမှာတော့ ဂျယ်ယွန်းအား စိတ်ဆိုးကုန်ရောပေါ့။

သည်လိုအကိုက ဂျယ်ယွန်းကို ဂရုစိုက်ပေးနေရင် အဆင့်ကပိုသင့်နေပြီ မဟုတ်လား။ အင်း...ဒါပေမဲ့ အကိုက ဂျယ်ယွန်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တာမဟုတ်ဘူး။ အကိုက လူတိုင်းအပေါ်ဂရုစိုက်မှုရှိတယ်။ နောက်ပြီး...

~
"အကို ဘာဖြစ်ခဲ့လိုလဲ၊ မျက်နှာလဲမကောင်းဘူး"

"ပန်းခြံထဲမှာလေ ဘယ်ကလူတွေမှန်းလဲမသိပါဘူး
ယောက်ျား အချင်းချင်းတွေနမ်းနေကြတာ
ရွံဖို့ကောင်းအောင်လို့"
~

𝕽ᥲіᥒძr᥆⍴s ᥲrᥱ ᥲᥣ᥆ᥒᥱWhere stories live. Discover now