part_17

559 66 47
                                    

အပိုင်း_၁၇

......

Leather bootsကိုစီးလျှက် cowboyပုံစံဖြင့် ထွက်လာသူ ချွဲ‌ဗာနွန်ကြောင့် နန်းတော်ထဲမှ မိန်းမပျိုများ တငေ‌းငေးဖြစ်နေကြသည်။
ဒီနေ့က booကို မြင်းစီးသင်ပေးမယ် ကတိပြုထားတာကြောင့် မြင်းဇောင်းကိုသွားရမည်ဖြစ်ပြီး နန်းတော်ကနေဆို အနည်းငယ်ဝေးတာကြောင့် ကိုယ်ရံတော်က ကားအသင့်ပြင်ထားပေးသည်။ မကြာလိုက်ပါ သူ့လိုပဲ ၀တ်စုံပြည့်နဲ့ ထွက်လာသူအကောင်ပေါက်လေးကြောင့် ဗာနွန် လွှတ်ကနဲပြုံးမိရသည်။

ဆွန်းဂွမ်သည် ဦးထုပ်ကကြီးနေ၍ မျက်နှာသေးသေးလေးမှာဦးထုပ်ထဲမြုပ်နေသေးတာမို့ လမ်းလျှောက်ရင်း စမ်းတမ်းတမ်းဖြစ်သွားတော့ ဗာနွန်က သူ့ခါးကို‌ေပြးလာဖက်၍ ထိန်းပေးထား၏။

"ရှေ့ကြည့်လျှောက်လေ..."

"ရှူး!..လူတွေကြည့်နေတယ် မင်းစကားမပြောနဲ့လေ။ ငါ့ဟာငါ လာတတ်တယ် သွားစမ်းပါ အ‌ေရှ့က"

သူ့ခါးက ဗာနွန့်လက်ကို ဖယ်ချရင်း‌ေပြာတော့ ဗာနွန်ကချက်ချင်းမလွှတ်ပဲ လက်နဲ့ဖြစ်ညှစ်လိုက်တာ သူ့အနားပိုနီးကပ်အောင်ဆွဲယူလိုက်တာကြောင့် ကြက်သီးများဖြင့် ဖြန်းကနဲထသွားရသည်။ ဒါကြောင့် ဆွန်းဂွမ်က မျက်စောင်းထိုးပြလိုက်တော့ ဗာနွန်က သူ့ကိုလျှာသပ်ပြလေ၏။

လန့်စရာကောင်းလိုက်တာ လူကို စားတော့ဝါးတော့မယ့်ပုံနဲ့။

.....

မြင်းဇောင်းကိုရောက်တော့ ဗာနွန်က သူ့ရဲ့ကိုယ်ပိုင်မြင်းကို ‌ခေါ်ထုတ်လာသည်။ မြင်းကအဖြူရောင်ဖြစ်ပြီး အမွှေးအမြှင်များက အလွန်ရှည်၍ လှလွန်းသည်ဟုဆိုရမည်။
ထို့အတူ ခပ်ဝေးဝေးကနေလှမ်းကြည့်ချိန်မှာတောင် မြင်းကိုဆွဲပြီးထွက်လာတဲ့ cowboyလေးကလည်း သိပ်ကို ခန့်ညားရှိန်ဝါလွန်းပါသည်။ ဒီလောက် charisma ကြီးတဲ့လူတစ်ယောက်ကို မင်းကြီးက မမြင်ပဲ ဘာလို့များ ဟိုပေါက်လို့ပဲစားကို မြှောက်စားထားသလဲ‌ေတာ့ ဆွန်းဂွမ်စဉ်းစားမရပါချေ။

"ဝါးလှလိုက်တာ ဆံပင်အရှည်ကြီးပဲ..."

မြင်းရဲ့ဂုတ်မွှေးကို ပွတ်ဆွဲပြီး သဘောကျနေသော ဆွန်းဂွမ်အား ဗာနွန်ကနှစ်လိုဖွယ်ကြည့်နေသည်။

သူ့မျက်၀န်းနဲ့ချည်နှောင်သည်(Complete)Where stories live. Discover now