1

4.8K 144 4
                                    





"ကိုယ့်သားလည်ပင်းကို ကြိုးကွင်းစွပ်ပေးနေတာလား...."

"သားရှောင်း...."

"မားကလည်းဗျာ..."

"ဘာမှမားကလည်းမဗျာနဲ့ ငါပြောခိုင်းလို့မင်းမားပြောရတာ...."

"အဖိုး...."

အိမ်မကြီးရဲ့ တံခါးဝကနေဝင်လာတဲ့ရှောင်းအဖိုးက ဧည့်ခန်းမှာစကားများနေတဲ့သူတို့သားအမိကိုလှမ်းအော်တယ်။ ဘယ့်နှယ်အမဖြစ်သူလင်နောက်လိုက်သွားတာနဲ့ကိုယ်ကအမဖြစ်သူဟန်ဆောင်ပြီး ဝမ်အိမ်တော်ကသားနဲ့လက်ထပ်ရမယ်တဲ့ ဘယ်လိုမှမဖြစ်နိုင်တာ ကိုယ်ကယောကျာ်းလေးအဖြစ်မှန်မပေါ်ဘူးဆိုတာမဖြစ်နိုင်ဘူး

"အိမ်တော်တွေကြား မျက်နှာပျက်ရအောင်မလုပ်နဲ့...."

"အဲ့လောက်ဖြစ်နေရင် ကျဲကိုရအောင်ပြန်ခေါ်ပေါ့..."

"ဟာ့ မင်းအမက အစအနရှာမရအောင်ခိုးပြေးသွားတာလေ..."

"အဖိုးအာဏာရှိတယ်မလား ရအောင်ရှာပေါ့..."

"ငါအာဏာရှိတယ်ဆိုတာ ဝမ်အိမ်တော်ကိုမမှီလို့ပေါ့ ဟိုကဆွေစဉ်မျိုးဆက် အာဏာကြီးလူကုံထန်အသိုင်းအဝိုင်းလေ..."

"အဖိုးတို့ အဲ့တာမက်နေတာကိုကပြဿနာ..."

"ဘာကွ..."

"Switzerland ကမနေ့တနေ့ကမှပြန်ရောက်ရုံဘဲရှိသေး အမောဆို့သေအောင်လုပ်နေတယ်...."

"အဲ့တာမင်းဘာသာမင်း‌ပေါက်စနကတည်းကသွားနေတာလေ...."

"အဖိုးလွှတ်တာဘဲလေ....."

"မင်း...တော်ပြီ ငါပြောစကားတိုင်းလုပ်ရမယ် အချိန်ကြာကြာမနေရပါဘူး မင်းအမကိုပြန်ရှာတွေ့တာနဲ့ နေရာလဲပေးမယ် ဒီကြားထဲမင်းကိုယောကျာ်းလေးဆိုတာမပေါ်အောင် အနီးကပ်မိန်းကလေး ရှင်းရှင်းကိုထည့်ပေးလိုက်မယ်...."

"ဟာကွာ...."

ရှောင်းကျန့်စိတ်တိုတိုနဲ့ စားပွဲခုံကြီးကိုပိတ်ရိုက်လိုက်ပြီး သူ့အခန်းထဲကိုစောင့်တက်လိုက်တယ်။

"မင်းသားကိုထပ်ပြောထားလိုက် နောက်နှစ်ရက်ကြာရင် သူ့အမပုံပြောင်းဖို့အတွက် UKကိုသွားမယ်လို့ ငါဒီကနေ တုံကင်ယူထားတယ်...."

Being a man?(ယောကျာ်းလေးတဲ့လား)Where stories live. Discover now