20

1.8K 104 4
                                    




‼️A little warning‼️ ပါပါတယ်

ဗီလာရောက်တဲ့ထိဘာကိုစဉ်းစားနေမှန်းမသိတဲ့ ပေါင်းပေ့နောက်ကျောကိုကြည့်ပြီး ရိပေါ်ပြုံးမိသွားတယ်။ ဟုတ်လား မဟုတ်လောက်ပါဘူးဆိုတဲ့စကားကိုရေ ရွက်ရင်းခေါင်းခါလိုက် လက်ညိုးလေးထောင်လိုက်‌တစ်ယောက်တည်းဖြစ်နေတဲ့ ပေါက်ပေ့က တကယ့်ကို overthinking လေး။ အခုချိန် နောက်ကနေတစ်ခုခုလုပ်လိုက်ရင်တောင်သူသိမှာမဟုတ်လောက်ဘူး

အကြံတစ်ခုနဲ့အတူ ရိပေါ်ကခပ်ဖြေးဖြေးချင်းပေါင်ပေ့နောက်ကိုသွားလိုက်ပြီး သူ့မေးလောက်ရှိတဲ့အရပ်နဲ့ပေါင်ပေ့ကိုပွေ့ဖက်ပြီး ခေါင်းလုံးလုံးလေးကို နမ်းလိုက်တယ်။ အင်း..လက်ဖက်စိမ်းနံ့လေးရတယ်

ရိပေါ်ထင်သလိုဘဲ အတွေးများနေတဲ့ကောင်လေးက ရိပေါ်ပွေ့ဖက်တဲ့ထိသတိမထားမိဘူး တဖြည်းဖြည်းအဆင့်တက်လာတဲ့ ရိပေါ်ရဲ့အနမ်းကြမ်းကြာမှဘဲ သတိထားမိပြီး သူ့ဘက်လုံးလုံးလျားလျားလှည့်ကြည့်လာတယ်

"ကိုကိုတွေ့လိုက်လား...."

"ဘာကိုလဲ...."

"ကော်ဖီဆိုင်ကအမျိုးသမီးကိုလေ...မြင်ဖူးသလိုဘဲ...."

"အင်း...."

ရိပေါ်ကတော့ဘာမှမတွေးဘဲ သူ့ရှေ့ကယုန်လေးကိုဘယ်ကစစားရမလဲကိုသာအာရုံစိုက်နေတယ်

"မြင်ဖူးတယ်လား...."

"မသိဘူးလေ ကိုယ်မြင်တာမင်းဘဲရှိတာကို...."

"အာ..."

"တခြားကိုအာရုံမစိုက်နဲ့ ကိုယ့်နဲ့နေရင်ကိုယ့်ကိုဘဲအာရုံစိုက်...."

ပြောပြောဆိုဆိုရိပေါ်က သူ့ကိုမ,လိုက်တာကြောင့် ရှောင်းကျန့်လန့်သွားပြီး ရိပေါ်လည်ပင်းကိုဖက်လိုက်တယ်

"ဘာ..ဘာလုပ်မလို့လဲ...."

"အဟင်း ဘာလုပ်မယ်လို့ထင်လဲ..."

နှုတ်ခမ်းတစ်ဖက်ပင့်လို့ပြုံးပြနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ဆွံ့အသွားတယ် ရိပေါ်ဘာကိုဇာတ်လမ်းဆက်ချင်နေတယ်ဆိုတာသိပေမယ့် အခုလိုပြုံးပြတော့လည်း ကိုယ့်ယောကျာ်းကိုယ်ငေးရတာဘဲ ချောလိုက်တယ်ဆိုတာ

Being a man?(ယောကျာ်းလေးတဲ့လား)Where stories live. Discover now