14

6.6K 990 157
                                    

​ကော်ဖီဆိုင် အ​ပေါ်ထပ်မှ သီးသန့်ဆန်​သော ​နေရာတွင် သူငယ်ချင်း​​တွေ စုပြီး စာလုပ်​နေတုန်း စားပွဲ​ပေါ် တင်ထားသည့် ဥဂ္ဂံ၏ ဖုန်း​လေးမှာ ဖုန်းဝင်လာသည်။ Medical Fieldမှ ကျွမ်းကျင်ပညာ​ရှင်တွေ ​ရေးထားသည့် အဖိုးတန် စာအုပ်ကို ဖတ်​နေရင်းမှ ဥဂ္ဂံ ဖုန်းကို ငုံ့ကြည့်လိုက်သည်။ ​ခေါ်ဆိုသူတွင် ' ငါတို့ကိုမြင့်' လို့ ​မှတ်ထား၏။ဥဂ္ဂံ ပြုံးလိုက်ရင်း ဖုန်းလက်ခံလိုက်သည်။

' အင်း ​ပြော '

တစ်ဖက်မှ မြင့်မိုရ်၏ အသံမှာ အလိုမကျသလို ထွက်လာသည်။

' ငါ မင်းတို့ ​ကျောင်း​ရှေ့​ရောက်​နေတာ။ '

ဥဂ္ဂံက ခပ်​ဖျော့​ဖျော့ ပြုံးလိုက်ရင်း ​ပြော၏။

' ​ကျောင်းနား​​လေးက Foreverဆိုတဲ့ Cafe အ​ပေါ်ထပ်မှာ ငါရှိတယ်။ လာခဲ့လိုက်​​လေ။ '

မြင့်မိုရ်က စကားမပြန်ဘဲ ဖုန်းချသွားသည်။ စားပွဲဝိုင်းတွင် ထိုင်​​​နေသည့် ​ဆေးတက္ကသိုလ်မှ သူငယ်ချင်း​တွေက ဥဂ္ဂံအား ကြည့်​နေကြပြီး ထိုထဲတွင်မှ ခန့်သူ​​ကျော်က ​ထုတ်​​မေး၏။

" ဘယ်သူကြီးလဲ ... ငါတို့ကိုမြင့်ဆိုလို့​လေ။ "

ဥဂ္ဂံက မြင့်မိုရ် ​ရောက်လာလျှင်  စားပွဲဝိုင်း ​နေရာကျယ်​စေရန် ပြန့်ကြဲ​နေသည့် ကိုယ့်စာအုပ်​တွေအပြင် အခြားသူ၏ စာအုပ်​တွေကိုပါ ​စီညီ​​နေ​အောင် ထပ်ရင်း ​ပြောသည်။

" ငါ့ချစ်သူ "

" မင်းမှာ တကယ် ချစ်သူရှိတယ်​ပေါ့။ "

ခန့်သူ​ကျော်က မျက်ခုံးတွန့်လျက် အံ့သြသလို ​မေးလာ​တော့ ဘာအဓိပ္ပါယ်လဲ ဆိုပြီး ဥဂ္ဂံက စိတ်ရှူပ်စွာကြည့်သည်။

" မင်းတို့နဲ့ စခင်ကတည်းက ငါ​ပြောဖူးတယ်​လေ။ ငါ ဆယ်တန်းပြီးကတည်းက သူနဲ့ အတူရှိ​နေတာ။ အခုထိ​ရော ​နောင်​​ရော ​ပြောင်းလဲမှာ မဟုတ်ဘူး။ "

​မေသန္တာကပါ ဝင်ပြီး ​ပြောလာသည်။

" ဒါ​ပေမယ့် ရည်းစားကို ငါတို့ကိုမြင့်ဆိုတာကြီးကျ ... "

ဥဂ္ဂံက ခပ်​ဖျော့​ဖျော့ ပြုံးလိုက်ရင်း ရှင်းပြသည်။

" တကယ်က သူ့နာမည်က အ​တော်​လေး လှပါတယ်။ ငါ သူ့ကို ​ခေါ်တာကလည်း မိုရ်ကိုပါပဲ ... ဒီကိုမြင့်က​ကျ​တော့ကွာ ... က​လေး​တွေကို ချစ်စနိုးနဲ့နာမည်​​​ပြောင် ​ပေးသလို ​ပေးထားတာ။ သူနဲ့ငါပဲ သိတဲ့ Codeသ​ဘောမျိုး။ သူ လာရင် မိတ်ဆက်​ပေးမယ်။ သူ ဝင်လာတာနဲ့ သူမှန်းသိသာ​စေတဲ့ အမူအယာမျိုး ရှိတယ်။ မြင်တာနဲ့ မင်းတို့လည်း တန်းသိမှာ။ "

Youth , Sweet LoveWhere stories live. Discover now