ဇာတ်သိမ်းပိုင်း....
......
ကုတင်ပေါ်မှာ ခြေတန်းလန်းထိုင်ရင်း အသက်မဲ့စွာဖြင့် ပြတင်းတံခါးကိုကျော်ငေးနေမိတဲ့တိမ်တွေက လွတ်လပ်ခြင်းများလား။ ဘယ်ဘက်လက်ရဲ့သွေးကြောတွေကြား ဖောက်၀င်နေတဲ့ဆေးထိုးအပ်ကို ဆွဲဖြုတ်လိုက်ပြီးနောက် သူယိုင်နဲ့နဲ့လှမ်းရင်း အခန်းရဲ့အပြင်ဘက်ကို ထွက်လာခဲ့တော့သည်။
ချစ်ရသူဟာ ကိုယ့်ကြောင့် ဘယ်နှခါနာကျင်ပြီးပြီလဲ၊ ချစ်ရသူဟာ ကိုယ့်ကို ဘယ်နှခါတောင် ထားခဲ့မှာလဲ..။
.....
ဂျိုရှူအာသည် တစ်ချိန်လုံးဇာတ်မြုတ်နေခဲ့တဲ့ ဗာနွန့်ရဲ့အမေဖြစ်သူကို နန်းတော်ထဲသို့ တိတ်တဆိတ်ခေါ်လာပြီးနောက် သားဖြစ်သူရဲ့အခြေနေကို မျက်ဝါးထင်ထင်မြင်နိုင်ရန် ပြလေသည်။
"Even so, do you still think the palace is safe for him?"
အမေဖြစ်သူသည် နိုးထမလာသေးတဲ့သားအား ကြည့်လျှက် ရင်ကွဲသံက နှုတ်မှဖျာထွက်လာခဲ့သည်။
"I'm sorry Josh...! I'm so sorry"
"Instead of apologizing to me, you should apologize to him"
တည်တန်းထားတဲ့မျက်နှာထားကြောင့် မေးရိုးတို့က ထင်းထွက်နေသည်။ ရှူအာ ဒီကလေးကိုဒီလိုဘ၀နဲ့ အဆုံးရှူံးမခံနိုင်ပါ။ ဗာနွန်ဆိုတာ သူ့လက်ထဲတင် ကြီးပြင်းလာတဲ့ကလေးတစ်ယောက်၊ သူ့ညီဆိုတာထက်ပိုတဲ့ သူ့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းဆိုလည်း မမှားတဲ့ဖြစ်တည်မှုတစ်ခု။
"Stand by him from now on, madam. "
"sure Josh.. I'll"
အမေဖြစ်သူက အဖေနောက်အိမ်ထောင်ပြုချိန်ကစပြီး နန်းတော်ထဲကထွက်ခွာသွားခဲ့သည် ။ ဗာနွန့်ကိုတော့ အိမ်ရှေ့စံဖြစ်သင့်သည်ဟူသော အကြောင်းပြချက်နဲ့ နန်းတော်မှာသာ ထားခဲ့ကာ တလျှောက်လုံးဖိအားပေးလာခဲ့၏။ အခုများတော့ ကုတင်ပေါ်မှာ လဲလျောင်းနေသောသားဖြစ်သူကိုကြည့်ရင်း သူမရဲ့အမှားယွင်းများကို ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ရာ မင်းကြီးထံ ခစား၀င်ဖို့ စီစဉ်လိုက်တော့သည်။
"မင်းကြီးက အခု လွှတ်တော်မှာရှိနေတယ်"
သတင်းပေးချက်အရ ရှူအာတို့နှစ်ဦး လွှတ်တော်ဘက်ကိုထွက်လာခဲ့ရာ မင်းကြီးမှာ မိဘုရားကိုတွေ့ချိန် အံ့ဩမှင်သပ်နေတော့သည်။

YOU ARE READING
သူ့မျက်၀န်းနဲ့ချည်နှောင်သည်
Romanceverkwan fanfiction ခရီးသွားဂိုက်လေးနဲ့ ဆတ်ဆတ်ထိမခံတဲ့ တော်၀င်သွေးနှော English manလေးတို့နှစ်ဦး မတူညီတဲ့အကျင့်စရိုက်တွေကြား ထပ်တူကျသွားတဲ့အရာက.... start date_ may 13_2024 end date_ may 28_2024