part_6

572 78 56
                                        

အပိုင်း_၆

.....

ဆေးရုံစရိတ်က များလွန်းတာကြောင့် ဆရာ၀န်ကြီးများနဲ့ဆွေးနွေးကာ အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။တင်ပါးရိုးကျိုးခြင်းကအသက်အရွယ်အလိုက် အန္တရာယ်လည်းများသလို သေဆုံးနိုင်ခြေလည်းရှိတာကြောင့် ဆရာမနဲ့ အခန်းဖော်တွေက တားယူပေမယ့် ဟိုရှီနားမထောင်ခဲ့ပါ။

အမေ့အိမ်ပြန်ပြီး အမေစိတ်ပူအောင်လည်း မလုပ်ချင်သလို အတူနေအခန်းဖော်တွေကိုလည်း သူ့ကြောင့်အနှောက်ယှက်မဖြစ်စေလိုပါ။သို့ပေမယ့် မတက်သာတာမို့ အခန်းဖော်တွေဆီကပဲ အကူညီယူရသည်။ မနက်စာကို ဂျောင်ဟန်ဟျောင်းကအမြဲပြင်ပေးတတ်ပြီး နေ့ခင်းစာအတွက် ကုတင်ဘေးမှာ အုပ်ထားခဲ့ပေးသည်။ စာတွေလိုက်မှီအောင် ၀န်ဝူးကပြန်သင်ပြပေးပြီး ညဘက်အိပ်‌ေရးအိပ်တာကို‌ေတာ့ ဂျီဟွန်းက ကူညီ၏။ ပိတ်ရက်တွေမှာဆို အတန်းပိုင်ကိုယ်တိုင်ရောက်လာပြီး အားဖြည့်စာနဲ့ လိုအပ်သမျှ ကူညီ‌ေထာက်ပံ့ပေးပြန်သည်။ အမှုကိုတော့ စီနီယာချွဲဆွန်းချောနဲ့ တွဲဖက်ကောင်စီကျောင်းသားများက တာ၀န်ယူဖြေရှင်းပေးနေ၏။

လီဂျီဟွန်းတစ်ယောက် ကျောင်းကပြန်ရောက်တာနဲ့ရေချိုးခန်း၀င်ပြီးနောက် ပုဝါတစ်ထည်ပတ်၍ အခန်းထဲ၀င်လာသည်။

"ဟိုရှီ မင်းခေါင်းလျှော်ဦးမလား"

"နံနေပြီလား ဆောရီး"

"လျှော်မှာလား မလျှော်ဘုးလား"

"မင်းလျှော်ပေးမလို့လား"

"မင်းဟာမင်းလျှော်နိုင်လို့လား"

အတွန့်တက်နေတဲ့ ဟန်းစတားပေါက်စကို ဂျီဟွန်းငေါက်ဆတ်ဆတ်ပြောလိုက်ပြီး မွေ့ယာပေါ် ပလက်စတစ်စခင်းလိုက်သည်။ ထို့နောက် ဟိုရှီ့အားနေရာပြောင်းလိုက်ပြီး ကုတင်ပေါ်မှာ ခေါင်းတန်းလန်းထားစေကာ အောက်က ရေဇလားခံ၍ ခေါင်းအရင်လျှော်ပေးလိုက်၏။
လျှော်ပေးနေရင်း သူ့ကိုပြုံးစိစိနဲ့မော့ကြည့်နေပြန်တော့ အမြင်ကပ်ကပ်ဖြင့် ဆပ်ပြာနဲ့ မျက်လုံးကိုပွတ်ပေးလိုက်ရာ အောက်ကဟန်းစတား တအားအားအော်နေလေ၏။

ခိုလှံုရာ လက်ခုပ်မိုးလေး(Complete)Where stories live. Discover now