Important......yeonbin

175 23 16
                                    

..
​ခြောက်နှစ်သားလေးဆူဘင်း၏ လက်ထဲ၌ ချွန်ထက်သောကတ်ကြေးတစ်လက်ရှိနေပြီး ခြံထဲရှိ အရွက်တွေကို ကတ်ကြေးဖြင့်ညှပ်ဆော့နေသည်က အန္တရာယ်များလှ၏။

မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသည့် မေမေဖြစ်သူမသိခင် ကတ်ကြေးကိုတိတ်တိတ်လေးခိုးယူကာ အရွက်တွေကိုညှပ်ဆော့နေသည့် ဆူဘင်းနီးလေး။

" ဆူဘင်းနားကတ်ကြေးနဲ့ မဆော့နဲ့လေ အန္တရယ်များတယ်''

မြက်ခင်းပေါ် ငုတ်တုပ်ထိုင်ချကာ မေမေ့စိုက်ထားသည့် ပန်းပင်မှအရွက်တွေကို ကတ်ကြေးဖြင့်စိတ်ကြိုက်ထိုင်ညှပ်နေစဥ် အသံစူးစူးလေးတစ်ခုက ဆူဘင်းနီး၏နားလေးထဲဝင်လာ၏။ ဆူဘင်းနီးလေးကို အုပ်မိုးထားသည့် အရိပ်သေးသေးလေးကို ဆူဘင်းနီးလေးက ဆူပုတ်ပုတ်ဖြင့်မော့ကြည့်လိုက်မိ၏။ ဟွန်း ချွဲယောန်ဂျွန်း ရုပ်ဆိုးကောင် ။
" ဘာလဲ ဘာလဲ ငါ့ဘာငါဘယ်လိုဆော့ဆော့ပေါ​့ မင်းအပူပါလား ''

" ကတ်ကြေးနဲ့ ဆော့ရင် လက်ကြီးညှပ်မိတတ်တယ်လို့ မေမေကပြောထားတယ်''

" မင်းပဲညှပ်မိမှာ မင်းလိုရုပ်ဆိုးကောင်ပဲညှပ်မိမှာ ငါ့လိုရုပ်ချောတဲ့ကောင်က မညှပ်မိဘူး သွား မင်း အိမ်မင်းပြန် ''

ဆူဘင်းနီး၏ ခါးခါးသီးသီးနှင်ထုတ်ခြင်းကြောင့် ယောန်ဂျွန်းနီးလေးဝမ်းနည်းလာ၏။ ဆူဘင်းနီးက ယောန်ဂျွန်းလေးကို မခင်ချင်ဘူးရယ်။ မုန်းနေတာ

" ဆူဘင်း ကလညိး တူတူဆော့ကြမယ်လေ''

" ငါမင်းလိုရုပ်ဆိုးကောင်နဲ့ မဆော့ချင်ဘူး သွား ပြန်''

ဆူဘင်းနီးလေးသည် ငုတ်တုပ်ထိုင်နေရာမှမတ်တပ်ထရပ်၏။ ယောန်ဂျွန်းနီးထက်အသက်ငယ်ပေမယ့် အရပ်ပိုရှည်သည့် ဆူဘင်းနီးလေးက ယောန်ဂျွန်းထက်ခေါင်းတစ်လုံးနီးနီးပင်ပိုအရပ်မြင့်၏။

ယောန်ဂျွန်းကို မကြည်ကြည့်ကြည့်နေကာ မြန်မြန်ပြန်စေချငိသည့်အရိပ်အယောင်လေးထင်းနေသည့် မျက်နှာပုပ်ကလေး။

" ပြန်တော့လို့''

" ဆူဘင်းနီးက ဘာလို့ ငါနဲ့တူတူမဆော့ချင်ရတာလဲ ''

Important...... yeonbin (Two Short)Where stories live. Discover now