Important..... Yeonbin

119 22 4
                                    

ချွဲယောန်ဂျွန်း၏ နှုတ်ခမ်းကို နမ်းမိပြီးသည့် နေ့ကတည်းက ဆူဘင်း အိမ်ထဲကနေ အိမ်ပြင်ကိုမထွက်ဖြစ်တော့။ အတိအကျ​ပြောရရင် အခန်းထဲက အခန်းပြင်ကိုပါမထွက်တော့တာ။ ဖေဖေနဲ့ မေမေကိုတော့ ခေါင်းကိုက်နေတယ် ဆိုသည့် အကြောင်းပြချက်လေးတစ်ခုသာပေးထားလိုက်၏။

ခေါင်းကိုက်နေတာကတော့ အမှန်ပင်။ ခေါင်းတစ်ခုလုံး အုံထူပြီး ကိုက်ခဲနေရသည့်အကြောင်းရင်းသည် ရှုပ်ထွေးစရာအတွေးများစွာကြောင့် ဖြစ်၏။

ထိုနေ့ကအကြောင်းကို ပြန်ပြန်တွေးမိရင်း လူကတစ်ကိုယ်လုံးထူပူသွား၏။ ဘာလို့ ဆူဘင်း စောက်ရူးလိုမျိုး ချွဲယောန်ဂျွန်းကို နမ်းလိုက်ရတာလဲ။ ကျစ်.... စောက်ရူး။

ချွဲယောန်ဂျွန်း၏ နူးညံ့အိထွေးသော နှုတ်ခမ်းလေးကို မြင်ယောင်မိရုံနှင့်ရင်တွေအခုန်မြန်လာ၏။ နမ်းမိသည့်အကြောင်းစဥ်းစားမိတော့ လူကရူးတော့မလို

ရည်းစားဖြစ်သူဟန်နာနဲ့တောင် အခုထိမနမ်းဘူးသေး။ ဆူဘင်း၏ ပထမဆုံးအနမ်းကို ချွဲယောန်ဂျွန်းကို ပေးမိလိုက်တာပဲ။

ရူးနေတာ.... ဆူဘင်းး သွက်သွက်ခါအောင် ရူးသွားတာ။ မုန်းစရာကောင်းလွန်းသည့် ချွဲယောန်ဂျွန်းကိုမှ ဆူဘင်းနမ်းလိုက်မိတာ။ချွဲဆူဘင်းကတကယ့်စောက်ရူး။

ဒါနဲ့.....ချွဲယောန်ဂျွန်းရဲ့နှုတ်ခမ်းလေးက အိနေတာပဲ။ တော်တော်ချိုတယ်။

" အားး ချွဲဆူဘင်း  စောက်ရူးကွာ''

ဆူဘင်း ​ဆံပင်တွေကိုလက်တစ်ဖက်ဖြင့်ကျစ်ကျစ်ပါဆုတ်ကာ အာခေါင်ခြစ်အော်လိုက်တော့ ဆူဘင်း ထိုင်နေသည့်ကုတင်၏အနီးရှိ ခုံ၌ ဖုန်းသုံးနေသည့် ဂန်းထယ်ဟျွန်းက အထူးအဆန်းကြည့်လာ၏။

" ​ဆူဘင်း မင်းဘာဖြစ်နေတာလဲ ''

" မသိဘူး...... မသိတော့ဘူးကွာ သေချာတာကတော့ ငါကစောက်ရူးပဲ''

ထယ်ဟျွန်း ဆူဘင်းကို လုံးဝနားမလည်နိုင်တော့။ ဘာတွေစိတ်ရူးပေါက်နေသည်မသိ။ ဂျေး စရောက်လာကတည်းက သူ့ကိုယ်သူစောက်ရူးချည်းထွေးနေ၏။ မျက်လုံးကြီးမှိတ်ကာထထကအော်သေး၏။

You've reached the end of published parts.

⏰ Last updated: May 29 ⏰

Add this story to your Library to get notified about new parts!

Important...... yeonbin (Two Short)Where stories live. Discover now