Part (2)

207 8 3
                                    

ဒီနေ့တော့သစ်သစ်တို့အခန်းထဲ ဆရာမ လားသေးတာနဲ့ ဆူညံနေကြတာပေါ့။ ခနနေတော့သစ်သစ်တို့ botany department ရဲ့ ဌာနမူး နဲ့ အတူ ခန့်ညာထည်ဝါတဲ့ လူတစ်ပါလာတယ်

" ကလေးတေနားထောင်ကြ တီချယ်ကြီး ပြောစရာရှိတယ် "
 
ဒီဆရာ့ကိုသိကြလားကလေးတို့လို့မေးတော့

"မသိပါဘူယတီချယ်ကြီးလို့" ပြန်ဖြေကြတယ်

"မှတ်ထားကြနော် ဒီဆရာက Paris ကနေ ပါရဂူဘွဲ ယူပီးပြန်လာတာ တီချယ်ကြီးဌာနတို့ရဲ့ သုတေသန ပိုင်းမှာ တာဝန်ယူမှာကွယ်" 
လို့တီချယ်ကြီးက ဝမ်းသာစွာပြောနေတယ်

ခနအကြာတော့ ဆရာ့ရဲ့ အသံကိုစကြားရတော့တာဘဲ တဲ့ အသံဩဩနဲ့ ပါဝါကရှိန်စရာကြီး

"ဆရာနာမည်က ဇေယျာဘုန်းမြင့်လို့ခေါ်ပါတယ်" တဲ့လေ

"ဆရာအသက်ဘယ်လောရှိပီလဲလို့"ကောင်မလေးတယောက်ကထမေးတော့

"ဆရာ့ကို စာနဲ့ ပတ်သက်လို့ ရှိရင် နေရာမရွေးအချိန်မရွေး လာမေးနိုင်ပါတယ်နော် "လို့ဆရာကခန့်တည်တည်ပြောပါ‌တော့သည်

ကောင်မလေးတေကဆရာကခန့်ချောကြီးဖြစ်သလောက်ချေတယ်နော် စည်းကမ်းလည်းကြီးမဲ့ ပုံဘဲ နော်

သစ်လေဆရာစင်ပေါ်စတတက်ကတည်းကမျက်တောင်မခပ်လိုက်ကြည့်နေမိတယ်

"ဆရာကလေ သိပ်ပြီးတည်ကြည်ခန့်ညားတာဘဲ ဆရာဝတ်ထားတဲ့ စတစ်ကော်လဲ လက်ရှည် အဖြူလေးနဲ့ ပုဆိုး ကလည်းလိုက်နေရောဘဲ ဗျ" လို့ သစ်သစ်မှတ်ချက်ပေးလိုက်တယ်

"သစ်သစ် သစ်သစ်"

"ဘာလဲ မင်းခန့်ရာ"

"မင်းမျက်လုံးကြီးလဲ ကျွတ်ကျသွားအုံးမယ်လိုက်ကြည့်နေတာ ဟိုက ထွက်သွားကြပီ"

"ဘာလဲ ဘာကြည့်လို့လည်း ကြည့်ပါဘူးနော်" အတင်းငြင်းတဲ့ သစ်သစ်ပါလေ

"ငါက ဘယ်သူ့ကိုကြည့်နေတယ်ပြောလို့လဲ သစ်သစ်ရာ"

"သွားမယ်အတန်းချိန်မရှိတော့ဘူးကန်တင်းသွားမယ်"

‌ကန်တင်းရောက်တော့ သစ်သစ်နဲ့ မင်းခန့်လည်း နေ့လည်စာစားကြပေါ့

Forest of love Where stories live. Discover now