Part 1

21 3 0
                                    

Started date 29.5.2024

Ep 1.....

2024 5 လပိုင်း 30 ရက်နေ့ ည ၇ နာရီတွင်
ကျင်းပသော L&B brand company ၏

လေလံတင်ပွဲကြီးကိုရောက်ရှိလာကြသော
Company အသီးသီးပိုင်ရှင်များ၊
လုပ်ငန်းပိုင်ရှင်များ လိုချင်နေကြသည့်

L&B brand company ၏တန်ဖိုးအကြီးဆုံး
forect beauty လည်ဆွဲကို ဒီည
လေလံတင်မည်ဖြစ်သည်။

L&B brand company သည်
ကိုရီးယားနိုင်ငံ၏ နာမည်အကြီးဆုံး
Brand top 20 တွင်နံပါတ် 1နေရာယူထားသော
Brand company ကြီးဖြစ်သည်။

နာမည်ကြီးလုပ်ငန်းရှင်များရောက်ရှိပြီး
အချိန်မှာ..........

L&B fashion brand လေလံတင်ခန်းမကြီး
အ၀တွင် ရောက်ရှိလာသော bugatti ကား
အနက်ရောင်နှင့်နက်ပြာရောင်ကားနှစ်စီး......

ဈေးနည်းမှာမဟုတ်တဲ့ ပြောင်လက်နေသည့်
ထိုကားနှစ်စီးဟာ လေလံတင်ခန်းမတွင်
ရှိသောလူများ၏ အကြည့်ကိုဖမ်းစားသွား၏။

ထိုကားနှစ်စီးထဲမှ ထွက်လာသော လူနှစ်ယောက်           က  လူတွေရဲ့ စိတ်ကိုပါဖမ်းစားသွား၏။

Bugatti ကားနှစ်စီးထဲမှ ထွက်လာသော
လူနှစ်ယောက်သည် လေလံတင်ခန်းမထဲမှ
လုပ်ငန်းရှင်တွေ မယှဉ်နိုင်သော

ကိုရီးယားနဲ့နိုင်ငံခြားတွေမှာပါ
အောင်မြင်နေတဲ့ Mura group
အမွေဆက်ခံရှင် Nishimura Riki ။

Mura group နှင့်လက်တွဲကာ
ရင်းနှီးမြုပ်နှံထားသော J company ပိုင်ရှင်
Jay တို့ ဖြစ်သည်။

ကားကို pro ကျကျ ယှဉ်တွဲရပ်ကာ
တည်ငြိမ်သောမျက်နှာထားနှင့် ထူတန်းနေသော
မျက်ခုံးများကို တွန့်ချိုးထားကြသည်။

ခန်းမကြီး၏ VIP အရှေ့ဆုံးခုံတွင် ဘယ်သူ့ကိုမှ
ဂရုမစိုက်သည့်ဟန်ဖြင့် ၀င်ထိုင်လိုက်သည့် ပုံဟာ
အနားမှာရှိနေတဲ့လူတွေ တံထွေးမျိုချရသည့်ထိ
အာဏာဟိတ်ဟန်ရှိကြောင်း ဖော်ပြနေသည်။

ပြောင်လတ်နေသည့် formal shoe
အနက်ရောင်ကို သင့်တယ်စွာစီးထားသော
Mura group အမွေဆက်ခံရှင်လေးဟာ
Suit ၀တ်ရတာမကြိုက်သောကြောင့်

အနက်ရောင်ပိုးသားရှပ် အင်းကျီနှင့်
လက်ကိုတံတောင်ဆစ်ထိ ခေါက်ထားကာ
ဂျပန်သားပီပီ သွေးကြောတွေနဲ့
လက်ဖျံဖြူဖြူဟာ ပေါ်လွင်နေသည်။

"ရိုးရှင်းတဲ့ကျွန်တော်တို့ရဲ့ကမ္ဘာ"Where stories live. Discover now