အပိုင်း_၇
.....
မနက်စောစော ဂျောင်ဟန်နိုးလာပြီးနောက် ရေချိုးခန်း၀င်ဖို့ရန် ထလာချိန် ဧည့်ခန်းဆိုဖာမှာ အိပ်နေတဲ့ဟိုရှီကိုတွေ့မိတော့ မျက်ခုံးကျုံ့လိုက်မိသည်။
"ဟိုရှီရား..ညကဒီမှာအိပ်တာလား ၊ ထတော့ ဒီနေ့ကျောင်းလိုက်ရမှာမလား"
နှိုးရင်းနဲ့ တစ်ဖက်စောင်းအိပ်နေတဲ့ဟိုရှီ့မျက်နှာကို သူ့ဘက်လှည့်ယူလိုက်ချိန် ဂျောင်ဟန် မျက်လုံးပြူးသွားမိသည်။
"ရားရား...မင်းမျက်လုံးကဘာဖြစ်တာလဲ"
သူ့အော်သံကြောင့်နိုးလာတဲ့ ဟိုရှီက မှုန်ကုတ်ကုတ်နဲ့ ထထိုင်ပြီးနောက် အကွင်းလိုက်မဲနေတဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့အသာထိ၍ဖြေေလ၏။
"လီဂျီဟွန်းထိုးထားတာ"
"ဟမ်?.ဂျီဟွန်းက မင်းကိုဘာလို့ထိုး..ရား မင်းတို့ရန်ဖြစ်ကြပြန်ပြီလား။ လီဂျီဟွန်း လာစမ်း!!."
ဂျောင်ဟန်စိတ်တိုတိုနဲ့ ဂျီဟွန်းအခန်းတံခါးကို တဒုန်းဒုန်းထုပြီးအော်ခေါ်လိုက်သည။် ထိုအခါမှ ထွက်လာတဲ့ဂျီဟွန်းက စောစောစီးစီး နှာခေါင်းစည်းmaskကြီးတပ်ထားသေး၏။သူထွက်လာတော့ ဟိုရှီကလည်း ခွေးကေလးအမြီးကုတ်သွားသလို အီကနဲ ဂျောင်ဟန့်နောက်၀င်ပုန်းလိုက်ေလသည်။
...
ကျောင်းမသွားခင်အချိန်ဖြစ်ပြီး ဂျောင်ဟန်က ထမင်းစားခုံမှာ ကျောမှီထိုင် လက်ပိုက်ေနကာ ၀န်ဝူးက ဘေးမှာ မနက်စာစားရင်း အဖြစ်ပျက်ကို ရှုစားနေသည်။ ဂျောင်ဟန့်အမိန့်မရလို့ မထိုင်ရတဲ့နှစ်ယောက်မှာတော့ တစ်ဦးကိုတစ်ဦးကျောမပေးရံုတမယ် ခပ်ခွာခွာရပ်နေလေ၏။
"ကဲပြော ဘယ်ကစဖြစ်တာလဲ"
ဂျောင်ဟန်မေးတော့ ဂျီဟွန်းက ဘေးကလူအား မျက်စောင်းထိုးပြီး..
"သူ့မေးကြည့်"
"ဟိုရှီ ဘာဖြစ်တာလဲ"
"သူ့မေးကြည့်"
"ဟေ့ကောင်တွေ!!!"
စားပွဲကိုဝုန်းကနဲရိုက်ပြီး အော်လိုက်တာမို့ ၀န်ဝူးလက်ထဲက တူပင်ပြုတ်ကျကုန်သည်။ အရှေ့ကနှစ်ကောင်လည်း အခုမှ မျက်လုံးလေးကလည်ကလည်နဲ့ မင်းဖြေငါဖြေ တွတ်ထိုးနေတော့၏။ ထို့နောက် ဟိုရှီကပဲ စပြီးဖြေမယ်လုပ်တော့..

YOU ARE READING
ခိုလှံုရာ လက်ခုပ်မိုးလေး(Complete)
Fanfictionsoonhoon fanfic Minwon svt_ otp Start date_ 25 may 2024 End date_ 2 June 2024