ခေတ်မှီအသုံးဆောင် ပစ္စည်းများဖြင့် သေသပ်လှပစွာအလှဆင်ထားသော ကျယ်ဝန်းလှသည့် ဧည့်ခန်းကြီးထဲတွင် မိသားစုစုံလင်စွာရှိနေကြသော်လည်း ရယ်မောပျော်ရွှင်နေကြသည့် အရိပ်ယောင်စကားသံများ တစ်စိုးတစ်စိမျှ မကြားရပါပဲ ဆန့်ကျင်စွာ တိတ်ဆိတ်လျက်ပင် ကိုယ့်အလုပ်ကိုယ်သာ အားစိုက်၍ လုပ်နေကြလေသည်။
ဦးဈာန်မင်းနိုင်ကတော့ ကုမ္ပဏီစာရင်းများ တောင်လိုပုံနေ၍ ဖအေနဲ့ အစ်မ ဒီလောက် အလုပ်ရှုပ်နေကြခြင်းကို လျစ်လျူရှုကာ ဖုန်းသုံးနေနိုင်သော သားတော်မောင်အား ကြည့်မရစွာဖြင့် ခဏခဏ လှမ်းလှမ်းကြည့်နေမိသည်။
ဒီကောင် မခန့်တာများ နေပုံထိုင်ပုံကအစ
နည်းနည်းမှကို အချိုးမပြေပေ။ လူကြီးတွေနဲ့ အတူရှိနေတာတောင် ခြေထောက်နှစ်ချောင်းကို အလယ်မှ မှန်စားပွဲပေါ်တွင် တစ်ချောင်းပေါ်တစ်ချောင်းထပ်ကာ တင်ထားလေသည်။ထိုင်နေပုံကလည်း
ဂုဏ်သရေရှိရှိ ခါးမတ်ကျောမတ်ကာ ကြည့်ကောင်းအောင် ထိုင်နေတာမဟုတ်ပဲ ဖင်နဲ့မထိုင်ပဲ ကျောရိုးဖြင့် လျှောကာ မှီထိုင်နေသောသားဖြစ်သူကို ကြည့်ရတာ မကြာခင် ဆိုဖာထဲဝင်သွားတော့မလိုကိုပင်။
ကြည့်မရပါဘူးဆိုမှ တစ်ခါတစ်ခါ တစ်ဟားဟားနဲ့ကို ဖုန်းကြည့်နေရင်း ထထရယ်နေသေးသည်။ဒီအဖေနဲ့အမေနဲ့က သားသမီးနှစ်ယောက်လေးပဲ မွေးထားတာပေမယ့် စရိုက်ကနည်းနည်းမျှကို မတူပေ။
အကြီးမက နေတာထိုင်တာပိရိသလောက် အငယ်က ပရမ်းပတာ။ အကြီးက လူကြီးဆိုရင် လူကြီးလို စကားပြောတာ ရိုသေမှုရှိသလောက် အငယ်က မချေမငံသာ ပြောတတ်သည်။ နှစ်ယောက်လုံးတွင် တူညီတာဆိုလို့ ရုပ်ရည်ပြောစရာမလိုအောင် ချောမောနေခြင်းနှင့် ကိုယ်မှန်တယ်ထင်ရင် တစ်ဖက်သားကို မကြည့်ပဲ စကားကို ပြတ်ပြတ်သားသား ပြောဆိုတတ်ခြင်းသာ။ ဒီနှစ်ခုစလုံးကလဲ ဒီက အဖေဆီက အမွေရထားကြခြင်းပင်...။"ခွန်းတြိဈာန်!"
"..."
မျက်နှာချင်းမှာ ထိုင်နေသည့် ဖအေဖြစ်သူထံမှ လေသံမာမာနှင့် အခေါ်ခံလိုက်ရ၍ တြိ မျက်လုံးလှန်ကြည့်လိုက်သည်။ တစ်ချက်ပဲကြည့်ပြီး အကြည့်များအား လက်ထဲမှဖုန်းဆီသို့ ပြန်ပို့လိုက်လျှင်
YOU ARE READING
My Peacock King (ခေတ္တရပ်နား)
Fantasyခွန်းတြိဈာန် - "တစ်ညတာအတူနေခဲ့တာလေးကို တစ်ဘဝစာ တာဝန်ယူချင်နေတဲ့ ခင်ဗျားက လုံးဝကိုရူးနေပြီပဲ ဒီမှာ! ခင်ဗျားသိထားရမှာက တစ်ည တာ အတူအိပ်ခဲ့တဲ့လူတိုင်းကိုသာ ...