part_11

277 50 27
                                    

အပိုင်း_၁၁

....

တစ်ယောက်တည်းကျန်ခဲ့တဲ့ အိမ်ခန်းငယ်ဟာ သူ့တစ်ကိုယ်စာအတွက် ကျယ်လွန်းနေပါသည်။ ထိုနေ့ကအဖြစ်ပျက်ကြောင့် ဂျောင်ဟန်ဟျောင်းလည်း အိမ်ပြန်ခေါ်ခံလိုက်ရပြီး ၀န်ဝူးကတော့ ကျောင်းပိတ်ရက် အိမ်ပြန်သွားလေသည်။

"ပြန်ရောက်ပါပြီ"

ကြိုသူမရှိတဲ့အိမ်ထဲ ၀င်လာတာနဲ့ အော်လိုက်မိတော့ ခံစားချက်က ခါးသပ်သပ်။ အချိန်ပိုနေရင် အတွေးများတာကြောင့် အချိန်ပိုင်းအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့ပြီး ပိုက်ဆံကိုကြိုးစားရှာနေမိသည်။
လီဂျီဟွန်းနဲ့ သူ့မိဘတွေ..။
သေချာပေါက် သူဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် အဲ့မိသားစုလိုတော့ ကြီးကြီးတက်ချမ်းသာလာမှာမဟုတ်။ သို့ပေသိ မခံချင်စိတ်နဲ့ အတ္တအချို့က သူ့ရင်ထဲ ကိန်းအောင်းနေခဲ့ပြီဖြစ်ပြီး ပြန်မနှုတ်နိုင်အောင် စိုက်ထူခံခဲ့ရတဲ့ ဆူးချောင်းတွေကလည်း ရင်မှာ အပြစ်အနစ်။
သူကြိုးစားရမယ်၊ သေချာပေါက် လီဂျီဟွန်းထက်သာအောင် ကြိုးစားရမယ်။

...

ဟိုရှီသည် မနက်ကနေ ညနေအထိ ကုန်စုံဆိုင်နဲ့ ဂိမ်းကဖေးမှာ အလုပ်လုပ်သည်။ အလုပ်နားရင်နားသလို သင်္ချာပုံသေနည်းတွေနဲ့ အင်္ဂလိပ်စာ မီးနင်းအချို့ နှုတ်တိုက် လေ့ကျင့်နေခဲ့သည်။ ညဘက်ရောက်တော့ ရှစ်နာရီကနေ ဆယ့်နှစ်နာရီထိ ဘားမှာ တရားမ၀င် အလုပ်ရ၏။

"ဟိုဘက်ဝိုင်းက မှာထားတာ"

ကောင်တာ‌ကပေးတဲ့ ကော့တေးတွေကို မှာထားတဲ့ဝိုင်းအရောက်ပို့ဆောင်ပေးရင်း အထူးခန်းတွေရှေ့ကဖြတ်သွားမိရင် ‌အထက်တန်းကျောင်းသားမျက်လုံးနဲ့ မမြင်ဝံ့စရာ မြင်ကွင်းတချို့က စီးကြိုသည်။ မကြည့်ချင်ပေမယ့်လည်း တစ်ခါတစ်ခါ မျက်လုံးရှေ့တည့်တည့်ရောက်လာရင်တော့ သူကြည့်မိပါ၏။ ရင်ခုန်တယ်၊ ချစ်တယ်တဲ့လား။ ရယ်စရာတစ်ခုပါပဲ.. သူကိုယ်တိုင်လည်း ရင်ခုန်ဖူးခဲ့တဲ့လူတစ်ယောက်ကို အခုချိန်မှာ မတွေ့ချင်လောက်အောင် စိတ်နာနေမိတာမဟုတ်လား။ အခုတော့ သူဟာ အရင်က ဂွမ်ဟိုရှီမဟုတ် ၊ ရင့်ကျတ်ပြီး ငွေရှာကျွမ်းတဲ့ စီနီယာတန်းကျောင်းသားတစ်‌ေယာက်။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now