🌧️ - 10

1.1K 139 34
                                    




ဂျောင်ကု ဆိုင်ပြင်ပြေးထွက်လာကာ
မိုးရေထဲမှာ ဆော့ဂျင်ကိုအပြေးအလွှားလိုက်ရှာနေမိတော့သည်။
*
*
သူ ဂျယ်ဆူးနဲ့အတူဆိုင်ကယ်အရောင်းအဝယ်တစ်ခုဖြစ်၍အဲဒီကိုသွားနေစဉ်
ယောင်ဘင်းဆီကPhဝင်လာခဲ့တော့သည်။
Jkမင်းစုံစမ်းခိုင်းထားတဲ့ကောင်ကို ငါတွေ့ပြီဟုပြောတော့ သူ ဘယ်မှာလဲလို့မေးလိုက်သည်။

ယောင်ဘင်းက ငါတို့ကာစီနိုကBarရှေ့မှာပဲဟုပြောသည်။ တခြားကောင်တွေရောပဲ ကြည့်ရတာBarကိုလာကြတာနေလိမ့်မယ်ဟုပြောတော့
သူထိတ်ခနဲစိုးရိမ်မိသွားသည်။
ကာစီနိုကBarမှာဆိုတော့ ဂျင်ရှိနေသည့်Barဖြစ်သည်။

သူ ယောင်ဘင်းကို မင်းခဏစောင့်ကြည့်ပေးထားဟုပြောပြီး
ဆိုင်ကယ်ကို နောက်ပြန်လှည့်ကွေ့လိုက်တော့
ဂျယ်ဆူးက ဘာဖြစ်တာလဲငါ့ကောင်လို့မေးလာ၍
သူ အကြောင်းရှိလို့ဟုတိုတိုပဲပြန်ဖြေလိုက်သည်။

သူရောက်သွားတော့ ယောင်ဘင်းကBarရှေ့မှာစောင့်နေပြီး ဟိုကောင်တွေအထဲမှာဟုပြောသည်။
သူလည်း ဘာမှမပြောတော့ဘဲဆိုင်အတွင်းထဲဝင်သွားလိုက်တော့

မြင်ကွင်းက ထင်သည့်အတိုင်းပင်။
သူကောင်လေးရှေ့ကနေကာရပ်လိုက်ပြီး
ရှေ့ကကောင်၏လက်ကိုဖမ်းချုပ်လိုက်သည်။
သူ့နောက်က ကောင်လေးဆီက"အကို"ဟူသည့်အသံခပ်တိုးတိုးလေးကြားလိုက်ရသည်။
ဟုတ်တယ်"အကို" မင်းရဲ့အကိုပါ။

ရုတ်တရက်အဖြစ်အပျက်ကြောင့် ရှေ့ကကောင်တွေလည်းတဒင်္ဂကြောင်သွားပြီး ပြီးမှသွေးရူးသွေးတန်းထရပ်လာသည်။
သူ့ရှေ့ကကောင်လည်း အခုမှသူ့လက်ကိုရုန်းကာ
ခွေးရူးစကားတွေပြောတော့သည်။ သူဘာမှမတုံ့ပြန်တော့ ထိုကောင်ကခွေးစကားတွေပဲထပ်ခါထပ်ခါပြောကာ ကောင်လေး၏သိက္ခာကိုစော်ကားပြီးပြောလာတော့ သူ့လက်သီးကအလိုလိုထိုကောင့်မျက်ခွက်ပေါ်သို့ရောက်သွားတော့သည်။

အခုချိန်မှာသူ့ဒေါသတွေ ငယ်ထိပ်ထိဆောင့်တက်ကာ သူဘာကိုမှမမြင်တော့ပေ။
ဘယ်သူ့မျက်နှာမှလည်းသူ,မထောက်နိုင်တော့
ထိုကောင့်ကိုသာအသေသတ်ပစ်ချင်နေတော့သည်။
ကောင်လေးကို အကြိမ်ကြိမ်နှိပ်စက်နေတာမင်းလားဆိုပြီး သူလှိမ့်ထိုးနေတော့သည်။
ခွေးလိုကောင် အကိုမဖြစ်ထိုက်တဲ့ကောင်!!!

 Everything is you {အရာရာဟာမင်း }Completed☑️Where stories live. Discover now