နောက်တစ်ရက်မနက်တွင် ယူဂျင်း ခုနစ်နာရီပင်မထိုးသေး ထကာပြင်ဆင်နေသည်။
ဒီနေ့တစ်နေကုန်လုံး သူတို့လျှောက်ပတ်လည်ကြမည်ကြောင့်လိုအပ်တာမှန်သမျှယူနေရသည်။
ဂွန်းဝုတစ်ယောက်ကဖြင့် ဆင်တက်နင်းတောင်နိုးမယ်မထင်။သို့သော် ချစ်လှစွာသောသူငယ်ချင်းကြီးအားနောက်ကျမည်ဆိုးသောကြောင့် ယူဂျင်းနိုးဖို့ပြင်လိုက်သည်။"ရားးးပတ်ဂွန်းဝု ထတော့"
"....."
"ရားးးးးးနောက်ငါးမိနစ်မှမထရင်မင်းပစ္စည်းတွေမီးရှို့ပစ်မယ်နော်"
"အင်းငါးမိနစ်မှထမယ်"
"ရှီးလ်ဘား ထကွာ ထထ ခုနစ်နာရီကျော်နေပြီကွ
ရှစ်နာရီအရောက်ဆင်းရမှာကို""အေးကွာ ထမယ် ထမယ်"
ထမယ်ပြောပြီး စောင်ခြုံထားသောဂွန်းဝုအား
ယူဂျင်း စိတ်ကုန်လက်ကုန် ကြည့်ကာ"နေကွာ မင်းရဲ့ Fav Singer ယန်းယွီရဲ့ လက်မှတ်ကို ငါယူလိုက်ပြီ မင်းကနေရာတကာကိုထည့်ထားတာပဲ
ငါရောင်းလိုက်မယ်နော်""ရား ရား ထပြီ ပြန်ပေးမလုပ်နဲ့ !!"
"ကောင်စုတ်"
"ကဲ ထပြီကွာ ပေးပြန်ပြီး"
"မယူထားဘူး မင်းအိတ်ထဲမြင်လို့ပြောလိုက်တာ
ဟိဟိ"ယူဂျင်းလှောင်ရယ် ရယ်လိုက်သည်။
"အားးးကဲကွာတော်ပြီ ပြန်အိပ်မနေတော့ဘူး။
ထပြီ""ပြန်အိပ်ရင်ငါကအတည်လုပ်တော့မှာ ။
သွားမြန်မြန်လုပ် ဆယ့်ငါးရောက်နေပြီ""အေး"
ခက်ခဲစွာနဲ့နှိုးအပြီး နှစ်ယောက်လုံး အောက်ကိုသာဆင်းလာကြသည်။ ဂွန်းဝုကတော့ စတိုင်လ်မလိုင်နို့ဆီသကြားတွေလုပ်ကာ ဒုံးပျံတန်းသကဲ့သို့ရေမွေးနံ့ဖြင့် ပျိုမဒီများအားဆွဲဆောင်နိုင်ရန် ချောမောနေသောအမျိုးသားအသွင်ဖြင့် ရှေ့မှာထွက်သွားသည်။ ယူဂျင်းကတော့
ရှိရာအဝတ်သာကောက်ဆွဲဝတ်ဖြစ်သည်။
စတိုင်ပန်အဖြူလေးနဲ့ နို့နှစ်ရောင်ဆွယ်တာလေးနှင့်ချစ်စရာကောင်းနေသည်။