Part - 1

405 53 11
                                    

Unicode

"ရှောင်းကျန့် ရှောင်ရှောင်းကျန့်!!!"

"ဖေကြီးရယ်ဘာကြောင့် ဒီလောက်စိတ်ကြီးနေရတာလဲရှင်"

"ဘယ်မှာလဲ ဟိုငမွှေထိုးလေး "

"သူ့အခန်းထဲမှာ အိပ်နေပြီပေါ့"

"သူများဟာကိုလုပ်ချင်တိုင်လုပ်ပြီ အေးဆေးအိပ်နေနိုင်တယ်ပေါ့ ဒီနေ့မှသူ့ကိုမရိုက်ရရင် ငါရှောင်းကျန့်အဖေမဟုတ်တော့ဘူး"

အီး...ပါးပါးကြီးလာပြီ
ကျန့်ကျန့်ကိုကယ်ပါအုံး ကိုကိုရေ....

"ကိုကို "

တစ်ဖက်ကပျားရည်အိုးထဲသကြားရည်ထပ်စမ်းထားသလို၊
ရုံပတေးသီးပြုတ်အရည်ညစ်ထားသလိုချွဲပြစ်ပြစ်ခေါ်သံကြောင့်
ရိပေါ်မျက်ခုံခပ်လှုပ်လှုပ် ချွဲသံအပြင်ငိုသံသေးသေးလေးပါ
ပါနေသလိုပဲ။

"ရှောင်းပူတူးလေး ဘာဖြစ်တာလဲ ကိုကို ကိုပြော"

"အီးဟီးး ကိုကိုရေ... ရောက်ရာအရပ်ကမြန်မြန်လေး
ရှောင်းပူတူးလေးကို လာကယ်ပေးပါ"

ရိပေါ်ရင်ထဲ ထိပ်ခနဲ့ ပူတူးလေးဘာတွေဖြစ်နေတာလဲ

"ပူတူးဘာမှမကြောက်နဲ့နော် ကိုကိုလာပြီ ပူတူးအခုဘယ်မှာလဲ
ဘယ်နေရာရောက်နေတာလဲ ဘယ်လမ်းလဲ ပူတူးနောက်
ဘယ်သူတွေလိုက်နေတာလဲ ကိုကို ကိုပြော "

"ကိုကိုမြန်မြန်လာခဲ့နော် ပူတူးက ပူတူးအိပ်ခန်းထဲမှာပဲ"

ကျသွားတဲ့ဖုန်းလေးကြည့်ပြီရိပေါ် ကြောင်တောင်တောင်
ဖြစ်သွားမိသည်။ ပြီမှသဘောပေါက်သွားဟန်
ရယ်ကာ

"ရှောင်းအဆိုးလေးကတော့ကွာ ဟားဟားး"

အောက်ထပ်မှာတော့

"ဖေကြီးရယ် သားလေးကဘာလုပ်မိလို့လဲ"

"ထုံစံအတိုင်း မင်းသားငမွှေထိုးလေ ဘေးအိမ်က
အလှမွေးငါးတွေကို သူ့ကလေးကိုပြန်ကြော်ကျွေးလိုက်တယ်လေ"

"ဘယ်လို"

"ကြားတဲ့အတိုင်းပဲ ဒီကောင်လေးဆိုးနေတာ ဒီနေ့ဆုံးမမှရတော့မယ်"

"ဖေကြီးရယ် သားကိုမလုပ်ပါနဲ့ ငါးက သားလေးကြော်တာရော
ဟုတ်ရဲ့လား"

ကိုကိုရဲ့ချစ်ဒုက္ခအိုးလေးWhere stories live. Discover now