Uni
ချိန်းတိုင်းကုန်းသည် စေတမန်ဂုတ်ကျိုး၏ ခွင့်ပြုချက်အမိန့်ရသည်နှင့် အိမ်သို့အမြန်ခြေလှမ်းပြင်လိုက်သည်။ သို့သော်လည်း သူပေါင်နားမှ စိုစိစိ အရာနှင့် မိုးလင်း ဘာမှမလုပ်ရသေးခင် စေတမန်၏လက်စွမ်းကြောင့် လမ်းကိုကွတကွတနှင့်လျှောက်နေရသည်။ သူပုံစံက ကွတကွတဖြစ်နေသည့်အတွက် ဘဲသေလို့ဝင်စားပြီး ဘဲတစ်ကောင်လိုလမ်းလျှောက်နေရသလိုပေါ့၊ လမ်းတွင်ရှိနေသော လူများမှာလဲ သူ့အား အထူးအဆန်းကြည့်နေကြသည်။ သို့သော် သူထိုအရာတွေအားစိတ်မဝင်စားသေး သူအိမ်သို့အမြန်ရောက်ရန်သာစိတ်ထဲရှိသည်။ ဘာကြောင့်လဲဆိုတော့ စေတမန်ဂုတ်ကျိုးမှာ ညနေ 5:00အရောက်ပြန်ခဲ့လို့မှာခဲ့တာကြောင့်ပင်၊ သူအလုပ်က5:00ပြန်အရောက် ချိန်းတိုင်းကုန်းမရှိနေရင် အပြစ်ဒဏ်အနေနှင့် ဟိုဒင်း ကို2ဆဟု မှာသွားခဲ့သည်။ စေတမန်ဂုတ်ကျိုး တစ်ခါနေအလျှင် အနည်းဆုံး 6ချီကြာတက်သည်။ 2ဆဟုဆိုတော့ 12ချီဟုတွေးမိကာ ချိန်းတိုင်းကုန်းဖင်ကြိမ်းသွားခဲ့ရသည်။
*အိမ်သို့ရောက်သော်"ဟယ်....သား!အမလေး...အမေ့သားလေးပြန်လာပြီ၊ ယောက်ျားရေ!ကျွန်မတို့သားပြန်လာပြီ"
အမေဖြစ်သူသည် သူ့အားမြင်သည်နှင် ဝမ်းသားပျော်ရွှင်နေလေသည်။ သူသိသည် သူ့အမေ သူ့ကိုဘယ်လောက်ထိလွမ်းနေမလဲဆိုတာ၊ လူဆိုးကောင်၏ အကြွေးသိမ်းပိုက်ခြင်းကိုခံထားရတာကြောင့် အမေတို့မှ ဘယ်လောက်အားကိုးမဲ့နေမလဲ စဉ်းစားစရာမလိုအောင်သိသည်။
"အမေရယ်...ကျွန်တော်လေ အမေ့ကိုလွမ်းနေတာ အချိန်တိုင်းပဲ"
"သားရယ် အမေလည်းလွမ်းပါတယ်၊ ပြန်လဲလိုက်ခေါ်ချင်ပါတယ် ဒါပေမယ့်လဲ သားသိတယ်မလဲ စေတမန်အကြောင်းကို"
"သားသိတာပေါ့ အမေရယ် သူ့ကလူဆိုး လူမိုက်ကောင်လေ နှလုံးသားနည်းနည်းမှမရှိဘူး"
ချိန်းတိုင်းကိုင်း ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲမပါသည့် အပြင် ဘယ်ဘက်အခြမ်းကစူးခနဲအောင့်ချင်းကိုခံစားလိုက်ရသည်။
"မေမေ့သားလေး ပြန်လာတာပဲ ဝမ်းသာရပါပြီ၊ မေမေတို့တွေပျော်ပျော်ရွှင်ရွှင်ပြန်နေမယ်နော်သား မင်းအဖေလဲ သူ့အမှားကို နောင်တရပြီး အရက်ဖြတ်လိုက်တယ်"
YOU ARE READING
My Husband Boyfriend
Romancecharacter : စေတမန်ဂုတ်ကျိုး : ချိန်းတိုင်းကုန်း စေတမန်ဂုတ်ကျိုး : 1.1.1990(တနင်္လာ) nickname :စေတမန်အသေကျုံး စေတမန်နတ်ဆိုး ဂုတ်ဂုတ် ချိန်းတိုင်းကုန်း : 18.4.1993(တနင်္ဂနွေ) characte...