part_14(ending)

539 64 23
                                    

အပိုင်း_၁၄(ဇာတ်သိမ်းပိုင်း)

.....

စာမေးပွဲဖြေပြီး တန်းထွက်လာကာ ဟိုရှီဦးတည်မိသည်က ဂျီဟွန်းရှိနေမယ့်ဆေးရုံကိုသာ။ သူ့လက်ထဲမှာ မေ့လဲသွားပြီး ဆေးရုံတင်ထားခဲ့တာကလွဲရင် ကျန်တာကို ဂျီဟွန်းမိဘတွေ ဆက်လုပ်‌ေနသည်မို့ သူ့ကို တွေ့ခွင့်မပေးသည့်အပြင် အနားမကပ်ရ အမိန့်ပါချထားသည်။ သို့သော် ဒီနေ့တော့ ရအောင်သွားတွေ့ဖို့ စဉ်းစားထား၏။

"ကျွန်တော့ကို ခဏပဲတွေ့ခွင့်ပေးပါ၊ ဂျီဟွန်းမျက်နှာကြည့်ပြီးတာနဲ့ ပြန်ပါ့မယ် ကျွန်တော် ကတိပေးပါတယ်"

ဆေးရုံထဲက ဆွဲထုတ်နေတဲ့ မြို့တော်၀န်ရဲ့လူတွေလက်ထဲမှ ရုန်းရင်း ဟိုရှီအော်ပြောနေခဲ့ရာ ဆေးရုံမှ လူများက ကွက်ကြည့်ကွက်ကြည့်ဖြစ်နေသည်။ ခပ်တောင့်တောင့်လူသုံးယောက်က ဆွဲထုတ်တာမို့ ကျောင်းသားအားနဲ့မယှဉ်နိုင်ရာ ဖင်ထိုင်လျှက် လဲကျတော့ ဖြတ်ကနဲ လင်းလာတဲ့ဖုန်းမီးကိုမြင်လိုက်ရသည်။

"စီနီယာ..."

စီနီယာဆွန်းချောက ကြမ်းပြင်မှာ လဲကျနေတဲ့သူ့ကို ထူပေးပြီး လက်ထဲမှအစောကဟိုရှီ့ကိုကိုယ်ထိလက်ရောက်ပြုမူနေသည့်ပုံများအား ဘေးဘီက လူများကို ဝေ့ပြလိုက်သည်။

"အားလုံးကြည့်ကြပါ မြို့တော်၀န်ရဲ့ လူတွေက အပြစ်မဲ့တဲ့ကျောင်းသားတစ်ယောက်ကို ဆေးရုံထဲ ၀င်မရအောင် ကိုယ်ထိလက်ရောက် ကြူးလွန်နေကြတာပါ"

"စီနီယာ..."

"ဒါ ကျွန်တော်တို့ကျောင်းက နိုင်ငံခြားပညာသင်ဆုရထားတဲ့ နိုင်ငံ့ဂုဏ်ဆောင်ကလေးတစ်ယောက်ပါ။ နိုင်ငံ့သားငယ်တစ်ယောက်ကို ဒီလိုအပြုမူနဲ့ဆက်ဆံတဲ့ မြို့တော်၀န်ရဲ့ပါတီကို ရှုံ့ချပါတယ်..."

ထိုအခါ ဆေးရုံထဲ အုတ်‌ေအာ်‌ေသာင်းနင်းဖြစ်သွားပြီး အားလုံးအာရုံက ဆွန်းချောနဲ့ ဖုန်းမှာသာရှိနေကြလေသည်။

"ဟုတ်တယ်ဟုတ်တယ် ဒါမတရားတာပဲ ကလေးကိုအားနဲ့တွန်းချလိုက်တာ ကျွန်မတို့မြင်တယ်"

"ရှုံ့ချပါတယ် ကျွန်မတို့မြို့ရဲ့ကလေးတွေကို မြို့တော်၀န်က ကာကွယ်ရမှာမဟုတ်ဘူးလား အခုတော့။ ရှုံ့ချပါတယ် ရှုံ့ချပါတယ်"

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now