အိမ်ကိုရောက်လာတဲ့ညီလေး (u+z)
30.5.1993
မေမေဆုံးပြီ။
သူ့အသက်၅နှစ်အရွယ်မှာပဲ မေမေကထွက်သွားပြီ။
သူ့ဆီဘယ်တော့မှပြန်မလာတော့တာထက်
မေမေ့ရဲ့ဖြစ်တည်မှုဟာ ကမ္ဘာပေါ်မှာမရှိတော့ဘူးဆိုတာက ပိုနာကျင်ရသည်။မေမေမရှိတော့ အရင်ကနွေးထွေးတဲ့ဖေဖေကလည်း အေးစက်လာသည်။ အိမ်ကိုပြန်မလာတဲ့ရက်တွေများခဲ့သည်။ သူတစ်ယောက်တည်း အိမ်ကြီးထဲမှာ အစေခံတွေနဲ့အတူတူအထီးကျန်ခဲ့ရသည်။
အေးစက်တဲ့ဖေဖေကသူ့ဆီကို ညတိုင်းဖုန်းဆက်ပြီး စောစောအိပ်ရန်တော့ မှာကြားတတ်သည်။ အေးစက်တဲ့ဖေဖေကသူ့အဖေအရင်းမဟုတ်ဘူး လို့ မေမေမသွားခင် သူ့ကိုပြောပြခဲ့သည်။
သူ့အရွယ်ကငယ်သေးတယ်ဆိုပင်မယ့် လောကကြီးမှာဘာတွေဘယ်လိုဖြစ်တည်နေလဲဆိုတာကိုတော့ သူနားလည်သလောက်ရှိသည်။ မေမေမရှိတော့ပင်မယ့်လည်း သူ့ရဲ့အိမ်တွင်းဘဝကတော့ အရင်အတိုင်းပင်။
အရင်တိုင်းမဟုတ်သည့်အရာတွေက မနက်တိုင်းလာနှိုးပေးမယ့် မေမေမရှိတော့ဘူး။ နေ့လည်စာထမင်းဘူးကို ကိုယ်တိုင်လုပ်ပြီး လွယ်အိတ်ထဲထည့်ပေးတတ်တဲ့ မေမေမရှိတော့ဘူး။
မေမေမရှိပဲရှင်သန်ရတာ သူ့အတွက်နည်းနည်းအထီးကျန်သည်။ ဒါပေမယ့်လည်းသူကယောကျာ်းလေး မေမေပြောဖူးတယ် ယောကျာ်းလေးဆိုတာရဲရင့်ရမယ်၊သတ္တိရှိရမယ်၊ကိုယ်ချစ်တဲ့သူကိုကာကွယ်ရမယ်၊ တဲ့။ ဒါတွေအကုန်လုံးကိုသူလုပ်နိုင်အောင်ကြိုးစားမှရမယ်။
ဒါမှ ဖေဖေပြောတဲ့စကားအတိုင်း 'အဝေးတစ်နေရာရာကို ထွက်သွားတဲ့မင်းမေမေကပြန်မလာနိုင်တော့ပင်မယ့် မင်းကိုစောင့်ကြည့်နေမှာသေချာတယ် သား' သူ့ကိုမေမေကစောင့်ကြည့်နေမှာ၊ ဒါကြောင့်မို့ သူပျော့ညံ့တဲ့ပုံပြလို့မဖြစ်ဘူး။
"မေမေ သားအဆင်ပြေအောင်နေပါ့မယ်"
14.1.1996
9:30ဒီနေ့ကသူ့မွေးနေ့၊ သူ့ရဲ့အသက်၈နှစ်ပြည့်မွေးနေ့
ဖေဖေကအိမ်ကို ကိတ်တစ်လုံးဝယ်လာပေးပြီး
သူနဲ့အတူညစာပါစားပေးတယ်၊ နောက်ပြီး အတူတူပါအိပ်ပေးသည်။
YOU ARE READING
528 + 1500 မေတ္တာ + အချစ် 528 + 1500 ေမတၱာ + အခ်စ္