ဤဇာတ်လမ်းဖန်တီးမှုသည်စိတ်ကူးယဉ်မျှသာဖြစ်သည်
အယူသီးမှုများသည်းခံပါ ။ အနာဂတ်ခေတ်ကာလကိုအခြေခံထားပြီး အမည် မျိုးရိုးသည် မည်သည့်ဖြစ်ရပ်များနှင့်မှမသက်ဆိုင်ပဲ စိတ်ကူးဖြင့်သာ ဖန်တီးထားသောဇာတ်
ကောင်များဖြစ်ပါသည်။ အချို့မြုပ်ကွက်နှင့်လိင်ပိုင်းဆိုင်ရာခွဲခြားသတ်မှတ်မှုတစ်ချို့နှင့်အဓိကဇာတ်ကောင်သုံးဦးအနက် နှစ်ဦးကိုသာဦးစွာဖော်ပြသွားပါမည်။အနိရူဒ သီဟသူ ၊အသက် ၃၄နှစ်
မြန်မာနိုင်ငံဖွား ပိုလန်နိုင်ငံသား
အရပ် ငါးပေဆယ်လက်မ
ဇနီးဟောင်း ၊ ရထာခင် (ခေါ် )ဂျူလီယာ
မွေးချင်း - မရှိနောက်ဆုံးမျိုးဆက်သော တော်ဝင်မျိုး မင်းမျိုးမင်းနွယ်
တစ်ဦးဖြစ်သည့် အသက်သုံးဆယ့်လေးနှစ်အရွယ်
အနိရူဒ သီဟသူ ၊ သူ၏အသားအရည်သည် ညိုစိမ့်လျက် တောင်တစ်လုံးကဲ့သို့တင့်တယ်ခိုင်မာသော
ကိုယ်ခန္ဓာရှိသည်၊ မျက်လုံးအစုံမှာ နေ့အခါသိမ်းဌက်ညအခါဇီးကွက်ကဲ့သို့ စူးရှပြတ်သားသည့်အမြင်မျိုးရှိပြီး
ထိုမျက်ဝန်းအိမ်၌ရှာ၍မရနိုင်သော၊စိတ်ခံစားမှုများသေဆုံးနေသည့် ထိုအမျိုးသား၏ အကြည့်စူးစူးဖြင့် အကြည့်ခံရရုံဖြင့် ရင်အတွင်း ထုတ်ချင်းဖောက်သွားသလိုပင်ခံစားရစေလိမ့်မည်။ ထိုမျှမက ဓားကောင်းတစ်လက်ကဲ့သို့သော ဖြောင့်စင်းထက်ရှကာ အနားသတ်ပြေဆင်းသွားသောမျက်ခုံး ၊လေးညို့သကဲ့သို့ ညွတ်ကွေးသောနှုတ်ခမ်းတစ်စုံ တောင်ဇလပ်ပန်းနှင့်သစ်စေးခေါက်ရောနှောသည့် စွဲမက်ဖွယ်ကိုယ်သင့်ရနံ့နှင့်ထိုအမျိုးသားသည် တော်ဝင်စစ်သူကြီးတစ်ဦး၏မြေးဖြစ်ပြီး ရုပ်အဆင်းအင်္ဂါအရ ယောကျာ်းကောင်းတို့၏ လက္ခဏာတို့နှင့်ပြည့်စုံပြီး သုခချမ်းသာအတိဖြင့် လွန်စွာချမ်းသာကြွယ်ဝသလောက် ဆိုးဝါးလှသော ဗီဇသွေးနောက်တို့ဟာ သူ၏ကိုယ်၌အသွင်သွင်စီးဆင်းလေသည်။ ထိုသွေးတို့ကား ဖောက်ထုတ်စေကာမူမလွယ်ကူ သိကြားမင်းပင်ဆင်း၍နားချသော်လည်းမတတ်သာရှိလိမ့်မည်။ သို့သော်လည်း မကောင်းဆိုးဝါးစီးနင်းခံရထား သကဲ့သို့သော စိတ်ဝိဉာဉ်ကိုပိုင်ဆိုးသောတစ်စုံတစ်ယောက်သောသူ သီဟသူ၏ဘဝထဲဝင်ရောက်မလာခင်အချိန်အထိသာ..
YOU ARE READING
MY SISTER'S HUSBAND
Fanfictionယခုဇာတ်လမ်းသည် အသက်ဆယ့်ရှစ်အောက်လူငယ်များအတွက်မသင့်တော်ပါ။ရိုင်းစိုင်းကြမ်းတမ်းသောစကားလုံးများထည့်သွင်းအသုံးပြုသွားမှာဖြစ်တဲ့အတွက် မကြိုက် သူများရှောင်သွားနိုင်ပါသည်။အပိုင်းတိုင်းမှာလည်း ရှောင်ဖတ်ရမည့်အပိုင်းများတွင်လည်းwarningပေးသွားမည်မဟုတ်ပါ ဇာ...