"ကင်မ်ထယ်ယောင်း!! မင်းဒါဘာလုပ်တာလဲ"
"ဘာလုပ်တယ်ဆိုတာ ခင်ဗျားသိနေရင်လည်းဘာလို့လာမေးနေသေးလဲ!!အာရုံနောက်အောင်"
အနက်ရောင်ပျော့အိအိဆံပင်တွေကို နဖူးပေါ်သပ်တင်လိုက်ပြီး ဖုန်းထဲကဂိမ်းကိုအသဲအသန်ဆော့နေသည်။
"မင်းဘာလို့ ငါ့ကုမ္မဏီထိလာသောင်းကျန်းရတာလဲ"
"ကျုပ်ကောင်းကောင်းမွန်မွန်တောင်းတော့ ခင်ဗျားပေးလား"
"မင်းကို ကိုယ်ပိုင်ဘလက်ကဒ်ပေးပြီးသား လစဉ်တိုင်းလည်းအမြဲထည့်ပေးနေကျ....."
"ခင်ဗျားတော်လိုက်တော့!"
ကင်မ်ထယ်ယောင်းကလက်ထဲကဖုန်းကိုပစ်ချလိုက်ပြီး ဆော့ဂျင်ရှေ့ပိတ်ရပ်လိုက်သည်။ဆော့ဂျင်ကလည်းသားရဲတစ်ကောင်လိုဒေါသထွက်နေပြီး အသားတွေပါတုန်နေသည်။
"မင်းလုပ်တာရော ဟုတ်လို့လား"
"အဟက်!!ဘာလဲ ခင်ဗျားကုမ္မဏီထိလာပြီးကျုပ်ကသောင်းကျန်းလို့ ခင်ဗျားသိက္ခာတွေကျတယ်ပေါ့.....အဲ့လိုပြောချင်တာလား"
ကင်မ်ထယ်ယောင်းကနှုတ်ခမ်းတွေကိုမဲ့ရွဲ့ပြီးပြောတော့ ကင်မ်ဆော့ဂျင်ကစူးရဲစွာပြန်စိုက်ကြည့်သည်။
"ကျုပ်တခုပြောပြမယ်......ခင်ဗျား ကျုပ်နဲ့လက်ထပ်လိုက်ကတည်းက ခင်ဗျားသိက္ခာတွေကမရှိတော့တာ......အခုမှပြန်အဖက်ဆယ်ဖို့လုပ်နေလည်းအပိုဘဲ"
"ဘယ်သူ့ကြောင့်လဲ!!"
"ဘယ်သူအရင်စခဲ့တာလဲ!!!"
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အော်ဟစ်ပြောဆိုနေကြရင်း ဆော့ဂျင်ကအရင်မျက်နှာလွှဲသွားသည်။
"ခင်ဗျားကိုလက်ထပ်ထားတာက ကျုပ်ခြေတော်ရင်းမှာခစားဖို့အတွက်ဘဲ ကျုပ်ကိုကျော်ပြီး ရှင်ဘုရင်လုပ်ချင်လို့မရဘူး"
"မင်းမျှော်လင့်နေသလို ဘယ်တော့မှဖြစ်မလာစေရဘူး ကင်မ်ထယ်ယောင်း"
"ကျုပ်ကိုစိန်လာမခေါ်နဲ့"
ကင်မ်ထယ်ယောင်းက ကင်မ်ဆော့ဂျင်ရဲ့ရင်ဘက်ကိုလက်ညိုးနဲ့ထိုးပြီးပြောတော့ ဆော့ဂျင်ဟာ အောက်နှုတ်ခမ်းကိုသွေးထွက်သည်အထိသွားနဲ့ဖိကိုက်ထားသည်။ဒါကိုမြင်တဲ့ထယ်ယောင်းက ရင်ဘက်ပေါ်က သူ့လက်ကိုရုတ်လိုက်ပြီး တဖက်လှည့်သွားသည်။
"မင်းမိဘတွေနောက် ငါလိုက်သွားပေးရမလား"
"ခင်ဗျား!!! ခင်ဗျားဆက်မပြောနဲ့တော့!"
ထယ်ဟာ ဆော့ဂျင်ရဲ့စကားကြောင့် နောက်လှည့်ပြီး ဆော့ဂျင်ရဲ့ရင်ဘက်ကအင်ကျီစကိုဆောင့်ဆွဲကာ ထိုးပစ်လိုက်ဖို့လက်ရွယ်လိုက်တော့ ဆော့ဂျင်ကလည်း မျက်လုံးတို့ကိုအလိုလိုပိတ်ပြီးသားပင်။
မျက်နှာပေါ်မှာဘာထိခိုက်မှုမှကျရောက်မလာသည့်အခါဆော့ဂျင်ဟာ မျက်လုံးတို့ကိုဖွင့်လာသည်။
YOU ARE READING
Love Me Again
Fanfictionခင်ဗျားကိုယ် ခင်ဗျားလည်လှပြီလို့ထင်နေတာလား ကျွန်တော်နဲ့ဝေးရာဆီခင်ဗျားပြေးကြည့်လိုက်လေ ခင်ဗျားခြေထောက်တွေကိုရိုက်ချိုးပြီး အခန်းထဲထည့်ပိတ်ထားမှာ မယုံမရှိနဲ့!