Meet in 3-day

0 0 0
                                    

*စာမေးပွဲဖြေပြီးတာတောင် ကျွန်တော်တို့ သူငယ်ချင်းတေ ကျောင်းကို လာနေကြတုန်းပဲ။ အဲ့နေ့က သူငယ်ချင်းတေက ကျောင်းသင်္ကြန်မှာ သီချင်းဆိုကြမလားမေးတော့ ကျတော်လည်း ဆိုမယ်ပေါ့။ ဒါပေမဲ့ သူတို့နဲ့မဟုတ်ပဲ တစ်ခြားအတန်းက ကျောင်းသားတေနဲ့တဲ့။ ပုံမှန်ဆို ကျနော်ငြင်းမိမှာပါ ဒါပေမဲ့ ဒီတစ်ခါတော့ မငြင်းမိ။ ဘာလို့လဲဆိုတာတော့ မသိ။
ဒီလို့နဲ့ သူတို့မိတ်ဆပ်ပေးတဲ့ကောင်လေး ကျနော်နဲ့ သီချင်းတူတူဆိုမဲ့သူတဲ့။ သူကသေးသေးလေး ၅ပေ ၄လက်မ လောက်ပဲရှိမယ်။ ကျနော်က ၅ပေ၁လက်မဆိုပေမဲ့ပေါ့။ အဲ့မှာ သူက ကျတော်ကို သီချင်းဆိုပြကြည့်ခိုင်းတယ် ကျတော့်ကို ရွေးသင့်လား မရွေးသင့်လားပေါ့။
အဲ့ဒီလိုနဲ့ ရွေးခံလိုက်ရတယ်ပေါ့။ အဲ့နောက် ကျတော်တို့သီချင်းလေ့ကျင့်ဖို့ အခန်းထဲသွားကြတယ်။ သီချင်းတူတူဆိုမဲ့ နောက်တစ်ယောက်က ဒီနေ့မလာဝူးတဲ့။
ဒီလိုနဲ့ သူကဂစ်တာတီး ကျတော်က သီချင်းဆို။ စလွဲတာက "ကီး"။ ကျတော်က သီချင်းဆိုရင် အိမ်မှာ အလွတ်ဆိုတာ မဟုတ်လည်း သီချင်းဖွင့်ပီး လိုက်ဆိုတာ။ ဂစ်တာနဲ့ တစ်ခါမှ မဆိုးဖူးဝူး။ ဒီလိုနဲ့ ကီးကိုက်ဖို့ တော်တော်ညှိလိုက်ရတယ်။
၃နာရီလောက် လေ့ကျင့်ပီး သိမ်းခဲ့တယ်။
နောက်နေ့ဆက်လေ့ကျင့်ကြမယ်ပေါ့။

ဒါနဲ့လေ သူက ကျတော့်ထက် ငယ်တယ်တဲ့ သူက ၆လပိုင်းမှ ၁၈ပြည့်မယ်တဲ့။ ကျတော်ကဖြင့် ၁၉နှစ်တောင် ၃လပိုင်းက ပြည့်ခဲ့တာ။ ဒါမဲ့ သူက ကျတော့်ကို လုံးဝ အကြီးတစ်ယောက်လို့ ရိုသေမှုမရှိဝူး ဒီကလေးကို ကြည့်မရပါ။ ဒါပေမဲ့ မမုန်းမိဝူး။ ပီးတော့ သူခေါ်တာ ကျတော့်ကို "ခဗျား"တဲ့။ အင်း အမှန်တိုင်းပြောရရင်တော့ အဲ့ဒီအခေါ်အဝေါ်လေးကို သဘောကျမိသား။

______________________________________

ဒီလိုနဲ့ နောက်တစ်နေ့ရောက်တယ်ပေါ့

ဒီနေ့တော့သီချင်းတူတူဆိုမဲ့ နောက်တစ်ယောက်နဲ့ တွေ့တယ်
အဲ့ဒီတစ်ယောက်နဲ့တော့ ကိုယ်တွေ အဆင်ပြေလို့။
နှစ်ယောက်တူတူ "ကီး"လွဲကြလေ သတည်းပေါ့။ ကျတော်က နဲနဲ့သိပ်မဆိုးတော့ပေမဲ့ပေါ့။ ဒီလို့နဲ့ပဲ သုံးယောက်သား သီချင်းဆိုကြသည်။
အသစ်ရောက်လာတဲ့ ကလေးကလည်း ကျတော်ထက် ‌ငယ်နေပြန်ရော်။ ကျတော်လေ တစ်ဦးတည်းသော သမီးဆိုတော့ ကျတော်က အမြဲ ကလးပဲ။ အခုတာ့ အငယ်နှစ်ယောက်ရှိနေလို့ စိတ်ညစ်နေပါပီ။ ဒါပေသိ ဟိုတစ်ယောက်ကတော့ ကျတော်ကို အစ်မလို့ မခေါ်တော့ အဆင်ပြေသည်ပေါ့။

ဒီလိုနဲ့ နောက်နေ့လည်း သီးချင်းတိုက်ကြ၊ ကီးလွဲကြ။ တကယ်တော့ ကျတော်တို့က သင်္ကြန်နီးနေပီ။ ဒါကြောင့် ၃ရက်ပဲ လေ့ကျင်းခဲ့ရတယ်။ အိမ်မှာလည်း ကိုယ်ဘာသာ လေ့ကျင့်ရတယ်။

ဒီလိုနဲ့ ၃ရက်တွေ့ပီးသကာလ ကျတော်စိတ်ထဲ သူနဲ့ပတ်သက်၍ တစ်မျိုးတစ်မည် ခံစားလာရသည်။ ဘာလဲတော့ ကျတော်မသိ။ မသိချင်ယောင်ဆောင်သည်ဆို ပိုမှန်လေမလား။

တစ်ခုမှတိမိတာက သူသီချင်းဆိုကြည့်ချင်တယ်ဆိုလို့ ကျတော် သူ့အတွက် မိုက်ကိုင်ပေးဖူးသည်။ သူက ဂစ်တာတီးရတော့ မိုက်ကိုင်လို့မရဝူး‌လေ။ ကျတော် မေးထောက်ပီးကြည့်နေမိကာ တွေးမိသည်က ဒီကလေး သီချင်းဆ်ိုတာ မဆိုးဝူးပဲ။ ထိုအတွေးကား တံခါးလာဖွင့်တဲ့ ကျောင်းက အမကြီးကြောင့် ရပ်လိုက်ရသည်။

သူ ကျတော်ကို ဆက်ဆံပုံက ကျတော်ကို စွဲလမ်းစေသည်လား။
ကျတော့်typeကလေ အရပ်ရှည်ရှည်၊ ရုပ်ချောချော အကိုကြီးတွေပါ
သို့ပေသိ ထိုကလေးကို ကျတော် စိတ်ဝင်စားနေမိပြီ။

*(ဒီမှာပြောချင်တာက ကျတော်တို့က ရိုးရိုး‌အစိုးရကျောင်းမဟုတ်လို့ပါ။ ကျတော်တို့ Batchက စာမေးပွဲပီးသွားတာပါ)
ထပ်ပီးပြောချင်ပါတယ် "ဘူး"လို့ သုံးတူကြီးမကြိုက်လို့ "ဝူး"လို့ပဲ သုံးနေကျမို့ ကြိုပီးrequestလုပ်ပါရစေ

တစ်ခုတောင်းပန်ချင်ပါတယ်
ဒီက စာရေး‌သူလေးက စိတ်ထဲပေါ်လာရာရေးတာပါ ဖတ်ရတာ အထစ်အငေါ့ဖြစ်နေပါလိမ့်မယ်။ အဆင်ချောမနေရင် တောင်ပန်ပါတယ်။
ဟီး ဂိုမဲ့။😁🤍🙏

You've reached the end of published parts.

⏰ Last updated: Jun 04 ⏰

Add this story to your Library to get notified about new parts!

ချစ်ပါတယ်'မောင့်'ကိုWhere stories live. Discover now